EP 59

196 21 4
                                    

Unicode

ကိုက်ခဲနေသော ခေါင်းအားအသာဖိရင်း အိပ်ရာမှထလိုက်သည်။မျက်နှာကိုလာစူးသည့်နေရောင်ကြောင့် အချိန်လင့်နေပြီဆိုတာ သစ် သိလိုက်သည်။သစ် မသိတာက သူဘယ်လိုလုပ်အိမ်ကိုပြန်ရောက်နေလည်းဆိုတာကိုပင်။ထိုစဉ်အခန်းတံခါးကပွင့်လာသည်။

"နိုးပြီလား သားသစ်...သံပရာရည်လေးသောက်လိုက်ဦး"

မားကမ်းပေးလာသော သံပရာရည်အားသောက်လိုက်တော့မှ ခေါင်းကအနည်းငယ်ကြည်သွားလေသည်။

"ညကဘာလို့ဒီလောက်တောင်သောက်လာရတာလည်း သားသစ်"

"ကျွန်တော်အိမ်ကိုဘယ်လိုလုပ်ပြန်ရောက်နေတာလည်း မား"

မား မေးသောမေးခွန်းအားမဖြေချင်၍ စကားလမ်းကြောင်းလွှဲလိုက်မိသည်။

"ဘယ်လိုလုပ်ပြန်ရောက်ရမှာတုန်း...သားမိုးစက်လာပို့တာလေ..သားမိုးစက်ခမျာ ညအိပ်ဝတ်စုံတောင်မလဲနိုင်ဘူး သားကို ဘားမှာသွားခေါ်ခဲ့ရတာ ပြီးတော့ သားမိုးစက်ကပဲ အိမ်ကိုပြန်လာပို့ပေးတာ...မားဖြင့်လန့်သွားတာပဲ သားသစ်ရယ်...နောက်တစ်ခါအဲ့လောက်ထိမသောက်ပါနဲ့"

"ကျွန်တော် တောင်းပန်ပါတယ် မား"

"မားကိုတောင်းပန်ရမှာမဟုတ်ဘူး...သားမိုးစက်ကိုတောင်းပန်ရမှာ...အိမ်ကိုလိုက်သွားပြီးတောင်းပန်လိုက်..ဟုတ်ပြီလား"

"အားရင်သွားလိုက်မယ် မား"

လက်ကျန် သံပရာရည်အားသောက်နေသော သားသစ်ကိုကြည့်ရင်း ဒေါ်ပန်းသစ်ပါးစပ်အဟောင်းသားဖြစ်ရသည်။မိုးစက်အိမ်ကို သွားရဖို့အရေးကို အမြဲတတ်ကြွနေတဲ့သူမ၏သားလေးက ယခုတော့အားမှသွားမည်တဲ့။သူမနားကြားပင်လွဲလေရော့သလား။

"သားသစ် သဘောပါကွယ်...အခုတော့ လန်းဆန်းသွားအောင် ရေချိုးလိုက်ဦး... breakfastပြင်ပေးထားတယ် ပြီးရင် ဆင်းစားဦး"

"ဟုတ် မား"

အခန်းထဲက မား ထွက်သွားတော့မှသာ အိပ်ရာပေါ်မှဆင်းပြီး ရေချိုးခန်းထဲသို့ဝင်သွားလိုက်သည်။
ဘေစင်ရှေ့တွင်ရှိသော မှန်အားကြည့်ရင်း သစ် ခပ်မဲ့မဲ့ပြုံးမိသည်။အရာအားလုံးကပြီးဆုံးသွားပါပြီ။
သူ့၏မျှော်လင့်ချက်တွေ၊သူ့၏အိပ်မက်တွေ အရာအားလုံး အရာအားလုံးက ရေစုန်မျှောသွားပါပြီ။

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now