Ep 55

184 23 6
                                    

Unicode

ဘီရိုထဲရှိ အင်္ကျီများအား တစ်ထည်ချင်းထုတ်နေမိသည်။မနက်ဖြန်ဆို သီတင်းကျွတ်လပြည့်နေ့ဖြစ်သည့်အတွက် ဆရာလေးနှင့်ဘုရားသွားရမည်ပင်။ထို့ကြောင့် ဒီညကို အကိုရဲသွေးသစ်နဲ့ကားမောင်းပင်မသင်ပဲ အဝတ်အစားရွေးနေခြင်း။

ဆရာလေးကပြောထားတယ် ပထမတစ်ခါလိုဝတ်မလာနဲ့တဲ့။သူသဝန်တိုရလို့တဲ့လေ။တစ်ကယ်တော့ မြေ ကသာသဝန်တိုနေရခြင်းပါ။မြေ့လိုကလေးလိုပုံစံနဲ့သူကိုမည်သူမျှစိတ်မဝင်စား။ယောက်ျားဆန်ဆန်နဲ့ကျက်သရေရှိနေတဲ့ဆရာလေးကိုသာစိတ်ဝင်စားပြီးလိုက်ကြည့်ကြတာ။အဲ့တာကိုဆရာလေးကပြောင်းပြန်တွေပြောသွားသေးတာ။

ကြမ်းပြင်ပေါ်တွင်အားရပါးရထိုင်ချရင်းသာ ဘီရိုထဲမှအဝတ်တွေကိုထုတ်နေသည်။ဘယ်ဟာလေးကပိုကောင်းမလည်းပေါ့။မိုးစက်ဟန်တွင် ပုဆိုးနှင့်shirtအဖြူများကသိပ်မရှိ။ယခုထုတ်နေသောအဝတ်စားအများက မြေ့ ဘာသာဝယ်ထားခြင်း။အများဆုံးရှိသည့် အင်္ကျီတွေဘောင်းဘီတွေကလည်း မီးခိုးရောင်များသာ။မီးခိုးရောင်တွေပဲဝယ်တဲ့အကြောင်းအရင်းကိုမြေသိပါပြီ။အကိုရဲသွေးသစ်ရဲ့အကြိုက်ဆုံးအရောင်ကမီးခိုးရောင်တဲ့လေ။ဟိုနေ့ညကကားမောင်းသင်ရင်းသတိရလို့မေးလိုက်တော့သိခဲ့ရခြင်းပါ။

"ပုဆိုးအနီလေးဝတ်ရင်ကောင်းမလား...ဒါမှမဟုတ် ခရမ်းဝတ်ရမလား..ဒီ အပြာနုလေးဆိုရင်ရော"

တစ်ယောက်တည်းပြောရင်း ပုဆိုးတစ်ထည်ပြီးတစ်ထည်ကို ထုတ်နေမိသည်။

"Shirtကိုအဖြူမဟုတ်ဘဲ ဒီမိုးပြာရောင်လေးဝတ်လိုက်မယ်..ပုဆိုးကိုလည်းအပြာနုလေးဝတ်မယ်..အဲ့ဒါကောင်းတယ် အဲ့ဒါပဲဝတ်တော့မယ်"

အကြိုက်ကိုတွေ့သွားပြီမို့ ကျန်နေသော အဝတ်စားများအား သပ်သပ်ရပ်ရပ်ခေါက်သိမ်းကာ နေရာတကျပြန်ထည့်ထားလိုက်သည်။ထို့နောက်တွင်တော့ မနက်ဝတ်မည့် T shirtအားကိုင်ကာ မီးပူတိုက်ရန်ထလိုက်သည်။

"ဆရာလေးဆီက ဖုန်းကအချိန်ကိုက်လာတာပဲ"

မွေ့ယာပေါ်တွင်တင်ထားသောဖုန်းမှ vibrationကတုန်ခါလာသည်မို့ ကိုင်လိုက်တော့သည်။

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now