Ep 17

408 41 0
                                    

Unicode

"ဗျာ....အတိတ်မေ့တာ"

ဇေယျာဖြိုးနှင့်မင်းထက်ဆီမှထွက်လာသောပြိုင်တူအသံ။

"ဟုတ်တယ် သား သားတို့သူငယ်ချင်းအတိတ်မေ့သွားတာ သူ့ကိုယ်သူလည်းမသိတော့သလို အန်ကယ်တို့ကိုလည်းမသိတော့ဘူး"

"ဟို အန်ကယ် ခဏ သူက သူ့ကိုယ်သူ စိမ်းလန်းမြေလို့လည်းအတင်းပြောနေတယ်"

"ဟုတ်တယ်ကွယ့် အန်ကယ်တို့ကိုလည်းအဲ့အတိုင်းပဲပြောနေတာ အန်ကယ်ထင်တာတော့ ခေါင်းထိထားလို့ နည်းနည်း ဂယောင်ချောက်ခြားဖြစ်နေတာလို့ထင်တယ်"

"ကျွန်တော်လည်းအဲ့လိုတော့ထင်မိပါတယ်"

"အေးကွယ် သူက စိမ်းလန်းမြေဆိုလည်း မြေပေးဖို့ အန်ကယ်တို့က တောင်းဆိုပါတယ် သားလေးအခြေအနေကလည်းရှိနေတော့..."

"နားလည်ပါတယ် အန်ကယ် ကျွန်တော်နဲ့ဇေယျာဖြိုးကိုစိတ်မပူပါနဲ့ မိုးစက်ရဲ့စိတ်အတိုင်းကျွန်တော်တို့လိုက်နေပေးမှာပါ တစ်ခုတော့ကောင်းလာတယ် မိုးစက်က အရင်ကထက်ပိုပြီးသွက်လာတယ် စကားတွေလည်းအများကြီးပြောလာတယ်"

"အဆိုးထဲကအကောင်းလို့ပဲဖြေသိမ့်ရတော့မှာပေါ့ကွာ"

"စိတ်မပူပါနဲ့အန်ကယ် အဆင်ပြေသွားမှာပါ"

"အေးကွာ နောက်သုံးရက်လောက်နေရင်သားတို့ သူငယ်ချင်းဆေးရုံကဆင်းပြီ အိမ်လာချင်ရင်လာကြ‌"

"ဟုတ် အန်ကယ်"
......................................
ခြံကအကျယ်ကြီး ခြံထဲမှာလည်း ပန်းပေါင်းစုံနဲ့ပြီးတော့ဒန်းတွေ စိတ်အပန်းဖြေစရာ ပန်းခြံတစ်ခုလေးလည်းဆောက်ထားတယ်။မြက်ခင်းပင်စိမ်းတွေကလည်း ဝင်အိပ်ချင်စရာ။

"သား လာလေ အပြင်မှာလေအေးတယ် နေမကောင်းဖြစ်မယ် လာလာ"

"ဟုတ်ကဲ့"

ဒီအိမ်ကို မိမိစရောက်တာ နှစ်ပတ်ပြည့် စစရောက်ချင်း မိမိ၏ခြေထောက်ကြောင့် အိမ်ထဲကထွက်ခွင့်မရခဲ့။ဒီနေ့ကျ သက်သာလာပြီမို့ ခြံထဲလျှောက်ကြည့်ခြင်းပင်။သူ့အဖြစ်က သူဖုန်းစားဘဝကနေ နေ့ချင်းညချင်း သူဌေးသားဖြစ်သွားရသည့်အဖြစ်။

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now