Ep 16

429 45 3
                                    

Unicode

ကိုကိုက တစ်ကယ်‌ကိုချောမောခန့်ညားတယ်။အခုလည်းကြည့် မိုးစက်က ဂျပန်သွားမယ့်ကိုကိုရဲ့ဘေးမှာ ကိုကို ကိုငေးကြည့်နေတာ။T shirt အနက်‌လက်ရှည်နဲ့ Jeanဘောင်းဘီဒဲ့အရှည်အနက်ပွကိုဝတ်ထားတဲ့ ကိုကို ကတစ်ကယ်ကိုခန့်ညားနေတာ။ဒါပေမယ့် တစ်ခု ကိုကို က မိုးစက် ကိုမကြည့်ဘူး မိုးစက်သူ့ဘေးနားမှာရှိတာတောင် ကိုကိုက မိုးစက်ကိုမကြည့်ဘူး။ပြတင်းပေါက်အပြင်ဘက်က တိမ်စိုင်တွေကိုပဲ ကိုကိုက ငေးကြည့်နေတာ မိုးစက်ဘက်ကိုနည်းနည်းလေးတောင် မကြည့်နေဘူး။ ဟင်...မျက်ရည် တွေ ကိုကို ငိုနေတာလား ကိုကိုက ဘာလို့ငိုနေရတာလည်း မိုးစက်နဲ့အတူတူရှိနေတာတောင် ကိုကိုက ငိုနေတာလား။မိုးစက်ကို တစ်ကယ်မချစ်တော့တာလား။မရပါဘူး လုံးဝမရဘူး ကိုကိုက မိုးစက်အပိုင် ကိုကိုက မိုးစက်ကိုပဲချစ်ရမယ်။

"ကိုကို ကိုကို အကပ်ခေါ်နေတယ်လေ ကိုကို"

အသံတွေ မိုးစက်ရဲ့အသံတွေလုံးဝကိုထွက်မလာတော့ဘူး ကိုကို ကိုဘယ်လောက်ပဲအော်ခေါ်ခေါ် မိုးစက်ရဲ့အသံတွေထွက်မလာတော့ဘူး။

"ကိုကို!!!!"

"သား သားမိုးစက် သတိရလာပြီ သား မေ့မေ့သားလေးသတိရလာပြီ ကိုဟန်ပုံ ဆရာဝန်ကိုမြန်မြန်သွားခေါ် ကျွန်မ သားလေးသတိရလာပြီ"

မျက်လုံးကိုဖြေးညှင်းစွာဖွင့်ကြည့်တော့ မရင်းနှီးတဲ့နေရာတစ်ခုနဲ့စိမ်းသက်သက်အနံ့တွေ။ဆေးရုံ သူထင်တာမမှားဘူးဆို ဒါသေချာပေါက်ဆေးရုံပဲ ဆေးရုံအနံ့အသက်တွေကို သူမုန်းတယ်။ခြေထောက်...နာတယ် သူ့ခြေထောက်‌နည်းနည်းနာနေတယ် ‌ဦးခေါင်း....ဦးခေါင်းပိုင်းလည်းကိုက်နေတယ် ဘာမှစဉ်းစားလို့မရအောင်ကို ကိုက်နေတာ။

"ကျွန်တော် ဘယ်ကိုရောက်နေတာလည်းဟင်"

ငိုကြွေးနေတဲ့ ဘေးနားက အမျိုးသမီးကြီးကို မေးလိုက်တော့ ဆေးရုံတဲ့ Car accidentဖြစ်ပြီး ဆေးရုံကိုရောက်လာတာတဲ့။ဟုတ်သား သူမေ့နေတာ သူ Car accidentဖြစ်ခဲ့တာ။သူသေပြီထင်ခဲ့တာ ဒါဆို သူမသေသေးဘူးပေါ့။တော်သေးတာပေါ့ သူမသေသေးလို့တစ်ကယ်တော်သေးတာပေါ့။

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now