Ep 21

296 29 0
                                    

Unicode

မိမိခန္ဓာကိုယ်ကြီးက နားနေခန်းထဲတွင်ရှိနေသောလည်း စိတ်ကတော့တစ်ခြားတစ်နေရာကိုရောက်နေရသူမှာ တိမ်ရောင်လင်းပင်။

စိမ်းလန်းမြေ..စိမ်းလန်းမြေ..ဒီနာမ်စားလေးကို သူဘယ်မေ့ရက်နိုင်ပါ့မလည်း။သူ့ကြောင့်ဒီကလေး သေဆုံးခဲ့ရသည်။ရန်ကုန်ကိုပထမဆုံးစရောက်ဖူးတဲ့ဒီကလေးကို သူလက်လွတ်စပယ် တစ်ဖက်က ကားလမ်းမှာစောင့်ခိုင်းခဲ့မိသည်။ဒီကလေးသေဆုံးမှု့ရဲ့အဓိကတရားခံကသူပင်။ညတိုင်းလည်း သူနှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ပေ ဒီကလေးရဲ့စိတ်ကြောင့် အမြဲတမ်းပြန်ပြန်လန့်နိုးခဲ့ရသည်။ဒီကလေးအပေါ်မှာ သူအပြစ်ကြွေးများစွာပေးဆပ်ရဦးမည်။ပေးဆပ်ခွင့်ရှိမယ်ဆိုပါက သူကျိန်းသေပေါက် ပေးဆပ်မှာပင်။

ဧရာဝတီဘက်က ရွာလေးကို သူတာဝန်ချိန်ကျတုန်းက ထိုရွာလေးကသိပ်ကိုခေါင်ခိုက်တဲ့ရွာငယ်လေးတစ်ရွာပင်။မီးမရှိတဲ့ရွာလေးက ညနေ၆နာရီကျော်ဆိုတာနဲ့ အမှောင်အတိဖြစ်ပြီး လမ်းထဲမှာလည်းလူမရှိ‌တော့ ည၈နာရီလောက်ဆိုအိမ်တိုင်းကအိပ်နေပြီဖြစ်သည်။"စိမ်းလန်းမြေ"အဲ့ဒီကလေးဘဝက သိပ်ကိုသနားစရာကောင်းလွန်းလှသည်။အဲ့ကလေးငယ်စဉ်ကတည်းက မိဘမဲ့ဘဝနဲ့ဖြတ်သန်းခဲ့ရပြီး ကြီးတော် တစ်ယောက်နဲ့သာ ဘဝကိုရုန်းကန်းခဲ့ရသည်။စားဝတ်နေရေးတစ်ဖက် ကျောင်းတစ်ဖက်နှင့် ရုန်းကန်နေရတဲ့ စိမ်းလန်မြေ ဆိုတဲ့ကောင်လေးအဖို့ သိပ်ကိုတာဝန်ကြီးခဲ့သည်။စားဝတ်နေရေးကိုအားစိုက်ရသည့်ထိုကောင်လေးက ကျောင်းစာပိုင်းမှာအားနည်းလာခဲ့ပြီး ရှစ်တန်းကျခဲ့သည်။မှတ်မှတ်ရရ ထိုကောင်လေး ၉တန်းနှစ်မှာ ထိုကောင်းလေး၏ကြီးတော်ဆုံးပါးသွားခဲ့ပြီး ခိုကိုးရာမဲ့ဘဝသို့ရောက်ခဲ့တော့ သနားစိတ်ဝင်မိသူမှာမိမိပင်။ထို့ကြောင့်လည်း ထိုကလေးအား ခေါ်ယူမွေးပြီး ကျောင်းကိုဆက်လက်ထားပေးခဲ့သည် သွန်သင်ဆုံးမခဲ့သည်။ထိုကောင်လေးက ဉာဏ်ကောင်းပါသည်။တစ်ကယ်တော့ ယောင်္ကျားလေးတိုင်းက ဉာဏ်ကောင်းကြပါသည်။မလုပ်ချင်တဲ့သူတွေဖြစ်လို့သာ စာညံ့ကြတာပါ။ထိုကောင်လေးကို သေချာလေးပဲ့ပင်ပြီးဆုံးမခဲ့တယ် ထိုကောင်လေးအကြိုက်ကိုသိအောင်လုပ်ပြီး မြူခဲ့တယ်။ရန်ကုန်ရောက်ဖူးချင်နေသော ထိုကောင်လေးအား ဆယ်တန်းအောင်ရင် လိုက်ပို့ပေးမယ်လို့ကတိပြုခဲ့တယ်။အောင်စာရင်းထွက်ပြီး နှစ်ပတ်လောက်အကြာမှာသူလိုက်ပို့ပေးဖြစ်ခဲ့ပေမယ့် သူ့အမှားတစ်ခုကြောင့်ထိုကောင်လေး၏အသက်ကိုပါပေးဆပ်လိုက်ရသည်ည်။အချိန်ကား တစ်နှစ်ကျော်လာပြီဖြစ်သော်ငြားလည်း မိမိကိုယ်ကိုအပြစ်တင်မိနေသည်က ယနေ့အချိန်ထိပင်။

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now