Ep 45

255 23 5
                                    

Unicode

"ဘာလို့ ကျွန်တော့်ကိုမပြောပြခဲ့တာလည်း"

မိမိအိမ်သို့ ပြန်ရောက်ရောက်ချင်း အင်္ကျီပင် မလဲနိုင်လောက်အောင် သစ် ဒေါသထွက်နေမိပြီဖြစ်၍ dadအခန်းထဲဝင်ကာ dadအားမေးနေခြင်း။

"ကျွန်တော် မေးနေတယ်လေ..မိုးစက်ဟန် အခုလိုဖြစ်တာကို ဘာလို့ကျွန်တော့်ကိုမပြောတာလည်းလို့ ကျွန်တော်မေးနေတယ်"

ဒေါသသံအားထိန်း၍ပြောနေသော်လည်း တစ်ချက်တစ်ချက်အသံကကျယ်လာပြီဖြစ်သည်။သို့သော်လည်း ဒေါသအားအတတ်နိုင်ဆုံးဆက်ထိန်းထားသည်မို့ အသံများကတစ်ခါတစ်ရံတိမ်ဝင်သွားသည်။

"ဖြေစရာစကားလုံးမရှိဘူးလား...ကျွန်တော်တို့ပေးထားတဲ့ကတိထဲမှာ မိုးစက်ဟန်သာ တစ်ခုခုထိခိုက်ခဲ့ရင် ကျွန်တော့်ကိုပြောပြပေးပါဆိုတဲ့ ကတိပါခဲ့တယ်လေ....အဲ့ဒီကတိရဖို့ dadကိုကျွန်တော်ဘယ်လောက်ထိ ဒူးထောက်လိုက်ရလည်း ဟမ်!...အခု ဘာလို့ dadကမပြောရတာလည်း...ကျွန်တော်မေးနေတယ်လေ!!"

စိတ်မထိန်းနိုင်စွာ အော်ပြောလိုက်မိလေတော့ MacBookကို ပိတ်ကာ အခန်းဝတွင်ရပ်နေသော သူ့ဘေးနားသို့ dadကလျှောက်လာသည်။

"အရေးမကြီးလို့"

"အဟွန့်....အရေးမကြီးလို့တဲ့လား အဲ့တာက dadအတွက်အရေးမကြီးတာလေ..ကျွန်တော့်အတွက် ကျွန်တော့်ဘဝအတွက် မိုးစက်ဟန်က အရေးကြီးဆုံးပဲ မိုးစက်ဟန်လောက် အရေးကြီးတဲ့သူ ကျွန်တော့်ဘဝမှာမရှိဘူး...dadကဘယ်လိုလူမျိုးလည်း ပေးထားတဲ့ကတိကိုမတည်တတ်တဲ့သူလား"

"ငါသာပေးထားတဲ့ကတိကို မတည်ဘူးဆိုရင် မိုးစက်ဟန် ဆိုတဲ့ကောင်လေးက အခုထိအကောင်းအတိုင်းရှိမှာမဟုတ်ဘူး"

"အခုရော...အခုကရော အကောင်းတိုင်းရှိနေတယ်လို့များ dadကထင်နေတာလား ဟမ်!"

"သူအသက်ရှင်သေးတယ်လေ"

"အဟား....အသက်ရှင်ရုံနဲ့ပြီးရောလား"

ခေါင်းအားမော့လိုက်ရင်း စိတ်ပျက်စွာညည်းညူမိပြီး ပုခုံးပေါ်တွင်ရှိသော Long coatအရှည်အား နံရံသို့ပစ်ပေါက်လိုက်မိသည်။

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now