Ep 26

248 29 0
                                    

Unicode

တနင်္ဂနွေနေ့ကျောင်းပိတ်ရက်ဖြစ်သောကြောင့် မြေ တစ်ယောက်အခန်းထဲတွင်သာခွေနေသည်။မနေ့ကတစ်နေကုန်လျှောက်လည်လိုက်ရလို့ ပင်ပန်းသွားမည်စိုး၍ ဆရာလေးက မိမိအား ဒီနေ့ကိုနားရက်အဖြစ်ပေးလိုက်သည်။မိမိ၏ပုံစံအစစ်အမှန်အား ဆရာလေးကို အမြန်ဆုံးဖွင့်ပြောရန်သာစဉ်းစားနေမိသည်။ဘယ်လိုကနေဘယ်လို‌စပြောရမလည်းဆိုတာတော့မသိသေးပေ။မိမိရဲ့ခန္ဓာကိုယ်အစစ်ဘယ်ရောက်‌သွားလည်းဆိုတာကိုလည်းသူသိချင်ပါသေးသည်။မိမိသိချင်နေသောအကြောင်းအရာအကုန်လုံးကို လုံးစေ့ပတ်စေ့ပြောပြပေးနိုင်သည့်တစ်ဦးတည်းသောသူမှာ ဆရာလေးပင်။

ဒေါက် ဒေါက် ဒေါက်!!

တံခါးခေါက်သံကြောင့် ကုတင်ပေါ်မှဆင်းကာသွားဖွင့်ပေးတော့ မည်သူမှရှိမနေ။တစ်ယောက်ယောက်လာစနေတာ များလားဟု တွေးမိနေသာ်လည်း ဤအိမ်ထဲတွင်နေသူက ဖေဖေရယ် မေမေရယ် ကြီးမြရယ် မိနှင်းရယ် ထိုလေးရောက်သာရှိသည်။ကြီးမြနှင့်မိနှင်းကတော့ ခွင့်ပြုချက်မရဘဲ မိမိတံခါးအားလာခေါက်လေ့မရှိ။ဒါဆို မေမေနှင့်ဖေဖေ ထဲကတစ်ယောက်ယောက်များလား သို့ပေမယ့်လည်း မေမေနှင့်ဖေဖေ ထဲကတစ်ယောက်ဆို တံခါးဖွင့်ရင် လူရှိနေရမှာပေါ့။အခုက ဘယ်သူမှရှိမနေ မိမိများနားကြားမှားလေသလား။

"သားလေး တံခါးနားရပ်ပြီးဘာလုပ်နေတာလည်းကွယ့်"

အပေါ်သို့တတ်လာသော မေမေ့ဆီက စကားသံကြားသောကြောင့် ရုတ်တရက် မြေ လန့်သွားသည်မှာ ခန္ဓာကိုယ်များပါတုန်လျက်။

"အောက်ဆင်းမလို့ပါ မေမေ"

အမြဲတမ်းစိုးရိမ်ပူပန်နေတတ်သော မေမေ့အား ထပ်၍စိတ်ပူနေမည်ဆိုးသောကြောင့် ထိုကိစ္စအားမပြောပြဖြစ်တော့။

"မေမေလည်း သားကိုလာခေါ်တာ"

"ကိစ္စရှိလို့လား မေမေ"

"ကိစ္စတော့မရှိပါဘူး မေမေ့သားလေးက တစ်မနက်လုံးအခန်းထဲမှာနေနေလို့ ထမင်းလေးစားတော်မူရအောင် လာခေါ်ရတာပါ"

"ဟုတ် သားလည်း အခုလာတော့မလို့ အတူသွားကြမယ်"

"ဟုတ်ပြီ ဟုတ်ပြီ"

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now