Ep 8

366 41 0
                                    

Zawgyi
"သားလေး မိုးစက် ဒီနေ့ဘယ်သွားစရာရှိလည်း"

"ဘယ်မှသွားစရာမရှိဘူးလေ မေမေရဲ့ဘာလို့လဲ"

"ဘာမှတော့ထွေထွေထူးထူးမဟုတ်ပါဘူးသားရဲ့ ဒီနေ့ပန်းသစ်တို့လာမှာမို့လို့ အဲ့ဒါကြောင့် သားကိုလည်းအိမ်မှာရှိစေချင်လို့"

"အော် ဟုတ် သားလည်းဘယ်မှသွားစရာမရှိပါဘူး"

"အင်းအင်း စာတွေအရမ်းမလုပ်နဲ့လေ သားလေးရယ် အခုမှကျောင်းတတ်တာဘယ်လောက်မှတောင်မရှိသေးဘူး"

"ဟုတ်ကဲ့ပါ မေမေ သားလည်း ပျင်းလို့ပါ"

"အင်းပါ အင်းပါ အဲ့ဒါဆို မေမေအောက်မှာ ထမင်းသွားချက်လိုက်ဦးမယ် ညနေကျ ပန်းသစ်တို့လာရင်စားလို့ရအောင်"

"အာ..မေမေနားလိုက်ပါ သားလုပ်လိုက်ပါမယ် မနက်တည်းက အစောကြီးထပြီး ဈေးသွားထားရတာဆိုတော့ ပင်ပန်းနေမှာ သားချက်လိုက်မယ်"

"မေ့သားလေးက လိမ္မာလိုက်တာ"

"အဲ့ဆို မေမေနားတော့နော် သားသွားချက်လိုက်ဦးမယ်"

"အင်းအင်း သားလေး"

မှတ်မှတ်ရရ မိုးစက်ရှစ်တန်းနှစ်တည်းက မိုးစက်ကိုမေမေကအိမ်မှု့ကိစ္စတွေသင်ပေးတယ်။မိုးစက်သင်ပေးခိုင်းလို့သင်ပေးခြင်းပါ။မိုးစက်ကတစ်ဦးတည်းသောသားမို့ မိန်းကလေးလိုလည်းအားကိုးရ ယောင်္ကျားလေးလိုလည်းအားကိုရအောင် မိုးစက်သင်ထားခြင်းပင်။ထို့ကြောင့်လည်း မြန်မာထမင်းဟင်းနှင့်သရေစာတော်တော်များများကိုမိုးစက်လုပ်တတ်သည်။

သားလေးက သိပ်ကိုပင်လိမ္မာသည်။ယောက်ျားလေးဖြစ်သော်ငြားလည်း မိန်းကလေးတစ်ယောက်နှယ်လိမ္မာတယ် အိမ်မှု့ကိစ္စတွေနိုင်နင်းတယ်။တစ်ချိန်ကျ မေမေတို့ကိုသားကိုယ်တိုင်ချက်ကျွေးမယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့အခုလိုအလုပ်တွေကိုသင်ထားမယ်တဲ့။သားလို ကလေးမျိုးရ ထားတာသူမတို့အတွက်တစ်ကယ်ကိုကံကောင်းသည်။သို့ပေမယ့်လည်း အဖော်မရှိတဲ့သားအတွက်က သူငယ်ချင်းတွေနှင့်ဆုံရင်သာ ပျော်ပျော်နေတာတွေ့ရသည်။ကျန်တဲ့အချိန်တွေဆိုသားပုံစံကအေးစက်စက်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"အာ...အန်တီပန်းသစ် တို့လာပြီလား ကြွပါ အန်တီ မေမေက အခန်းထဲမှာ အန်တီတို့အတွက်ပြင်ဆင်နေပါတယ် ဦးလေးရော မပါဘူးလား အန်တီ"

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now