Ep 29

233 24 1
                                    

Unicode

အချိန်နှင့်ဒီရေသည်လူကိုမစောင့် ဆိုသည့်အတိုင်း အချိန်တွေက တစ်ဖြည်းဖြည်းနဲ့တစ်ရွေ့ရွေ့ကုန်ဆုံးလာခဲ့သည်မှာ မသိလိုက်မသ်ိဖာသာ။စာမေးပွဲကြီးလည်းပြီးပြီဖြစ်သောကြောင့် ကျောင်းရက်ရှည်ပိတ်ထားသည်။ဒီနေ့လိုစာမေးပွဲပြီး နောက်နေ့လိုကျတော့ သူတို့သူငယ်ချင်းတွေ အပြင်သွားကာလျှောက်လည်ဖြစ်ကြသည်။ ထိုသို့လျှောက်လည်ဖြစ်ကြတော့ မိမိ ဆယ်တန်းနှစ်ဖြေပြီတဲ့အချိန်ကိုသတိရမိပါသေးသည်။ ဆယ်တန်းဖြေပြီးနောက်နေ့လိုကျတော့ ဆရာလေးနဲ့ တာပေါ်ကိုတတ်ကာ တစ်ဖက်ကမ်းရှိ ဈေးကိုသွားရင်း မုန့်တွေလိုက်ဝယ်စားခဲ့ကြသည်။ဆရာလေးနဲ့တောင်မတွေ့မိသည်မှာကြာပြီဖြစ်သည်။ဒီနေ့တော့ ဆရာလေးနှင့်ရအောင်တွေ့ရမည်။သူ့မှာလည်းပြောစရာရှိသည်။

ရာသီအကူးအပြောင်းကာလဖြစ်သွားကြောင့် အေးလိုက် ပူလိုက်ဖြစ်နေသည်။လေညှင်းများတစ်ချက်ချက် တိုက်ခိုက်သွားချိန်တွင်လည်း မိုးရနံ့များကိုရနေပြန်ပါသည်။ဘာလိုလိုနဲ့သင်္ကြန်တောင်ရောက်တော့မည်ပင်။

အိပ်ရာပေါ်မှထကာ ဘေးနားရှိ ဖုန်းကိုယူလိုက်ရင်း ဆရာလေးဆီသို့ဆက်လိုက်သည်။ခဏအကြာမှာတော့...

"တိမ်ရောင်လင်း ပြောနေပါတယ်"

"ဆရာလေး ကျွန်တော် စိမ်း...အဲ မိုးစက်ဟန်ပါ"

"အော်..မိုးစက်ဟန် မတွေ့တာတောင်ကြာရော့ပေါ့ ဘယ်လိုလဲ ဖြေနိုင်ရဲ့လား"

"ဖြေနိုင်ပါတယ်ဆရာလေး မဖြေနိုင်လည်းကျပေါ့"

"ဟားဟား...ဟုတ်ပါပြီကွာ"

တစ်ဖက်က ရယ်သံသဲ့သဲ့လေးထွက်လာတော့ စိမ်းလန်းမြေ လည်းပြုံးမိသည်။သူဆရာလေးနဲ့မတွေ့တာ ၁လကျော်လောက်ရှိပြီ။စာမေးပွဲပြီးရင်တွေ့မယ်လို့ ရည်ရွယ်ထားပေမယ့် သူငယ်ချင်းတွေကိုအချိန်ပေးရတာနဲ့တင် တော်တော်နဲ့မတွေ့မိ။ဆရာလေး အသံကိုကြားလိုက်မှပဲ နေ့ရက်တိုင်း တစ်ခုခု လိုနေတယ်လို့ ခံစားခဲ့ရတဲ့စိတ်က ပြည့်စုံသွားသလိုလို။

"ကဲ..ဆို ဆရာဆီ ဖုန်းဆက်တာ ဘာကိစ္စ"

"ဟို...ဆရာလေး ကိုပြောစရာရှိတယ်လို့ ပြောထားတာလေ အဲ့တာလေး ပြောချင်လို့ အချိန်နည်းနည်းလောက်ရမလားမသိဘူး"

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now