Ep 32

221 21 2
                                    

Unicode

ည ၆နာရီ၄၅မိနစ်။

ထမင်းစားပြီးသွားသောကြောင့် ‌သွားတိုက် မျက်နှာသစ်ကာ အိပ်ရာပေါ်တွင်လှဲ၍ လိုင်းသုံးနေသည်။

ဆရာလေး နေပြန်ကောင်းနေသည်မှာတစ်ပတ်ကျော်လောက်ရှိပါပြီ။ဆရာလေးအား ရအောင်ယူမည်ဟု ဆုံးဖြတ်ထားသော်လည်း ဘယ်နေရာကစ၍လိုက်ရမယ်မှန်းမသိပါ။ပြီးတော့သူ၏ဆရာလေးက ရှေးရိုးစွဲ။

"Hello"

Best friend for our life ဆိုသည့် gpတွင်စာပို့လိုက်သည်။ထို gpတွင် သူရယ် ကိုထက်ရယ် ကိုဖြိုးရယ် သုံးရောက်သာရှိသည်။

"အံမယ်!..ထူးထူးဆန်းဆန်း စိမ်းလန်းမြေတို့ group chatထဲစာတွေဘာတွေပို့လို့ပါလား ထီပေါက်တော့မယ်ထင်တယ်...ငါထီထိုးလိုက်ရမလား"

"ကိုဖြိုးကတော့ ပေါက်တတ်ကရကစပြီ...ငါပြောစရာရှိလို့ လူစုံလား...လူစုံရင်ပြောမယ်"

"ငါလာပြီ...ငါလာပြီ..ပြေးလာလိုက်ရတာ မောတောင်မောတယ်ကွာ..ဟူး!..."

ကိုထက်က မောနေသော Emojiပုံလေးကိုပို့လိုက်သောကြောင့် ကိုဖြိုးက သေ ဆိုပြီးရယ်နေတဲ့ပုံကိုပြန်ပို့လိုက်သည်။

"နေကြပါဦး...ငါပြောစရာရှိလို့ပါဆို."

"ပြော...ပြော"

"ကိုဖြိုးနဲ့ကိုထက်တို့ ဂီတာတီးတတ်ကြလားဟင်"

"ငါတော့မတီးတတ်ဘူး ဒါပေမယ့် မင်းထက်တော့ တီးတတ်တယ်ကွ..."

"ဘာလို့မေးတာလည်း မြေ...."

"‌ဒီလို...ဟီး...တစ်ကယ်တော့လေ...ငါ ဆရာလေးကိုဖွင့်ပြောလိုက်ပြီကွ..."

"ဘာ!..."

နှစ်ယောက်လုံးဆီမှ ပြိုင်တူရောက်လာသော messageပင်။

"‌Vcခေါ်လိုက်မယ် ကိုင်ကြ.."

ကိုဖြိုးက vcခေါ်သောကြောင့်ကိုင်လိုက်ချင်းချင်းဆဲသံကိုပထမဆုံးကြားလိုက်ရသည်။

"ခွေသား....ပြောတော့ ဆရာတိမ်ရောင်လင်းကိုမကြိုက်ပါဘူးဆို ဟမ်!..အခုတော့ ဖွင့်ပြောတာတောင် မသိလိုက်ရတဲ့အဖြစ်"

"ဟုတ်တယ် မြေ...ငဖြိုးပြောတာမှန်တယ် မင်းဟာကလည်း လက်သွက်လှချည်လား"

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now