Ep 24

243 31 0
                                    

Unicode

ဘာလိုလိုနဲ့ ဆရာလေးဆီမှာစာသင်တာ သုံးပတ်တောင်ရှိပြီ သုံးပတ်အတွင်းဆရာလေးနဲ့အများကြီးရင်းနှီးခဲ့တယ် စကားတွေလည်းပြောဖြစ်ခဲ့တယ်။ဆရာလေးကိုပြောင်းလဲသွားပြီလို့ထင်ခဲ့ပေမယ့် မပြောင်းလဲသေးပါဘူး ဆရာလေးက အရင်အတိုင်း ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနေတတ်တုန်း။

"ဟေ့ကောင်..စိမ်းလန်းမြေ ပျော်ရွှင်နေတာလား"

"မပျော်ရွှင်ရပါဘူး ကိုဖြိုးရာ... ‌မင်းတို့ကလည်း စောင့်ရတာကြာလိုက်တာ"

"ထုံးစံအတိုင်း မင်းထက်နောက်ကျတာ"

"အေးပါကွာ ငါ့အမှားပါ ဒါနဲ့ မြေ မင်းအခုတစ်လော Canteenတောင်မထိုင်ဘူးနော် အားနေစာပဲလုပ်နေတယ် စာအုပ်နဲ့မျက်နှာခွာကိုမခွာဘူး အရင်က မိုးစက်ဟန်ပြန်ရောက်လာတာလား"

"အဲ့ဒါက အချစ်ကြောင့် ပြောင်းလဲတာလို့ ခေါ်တယ် မင်းထက်ရ မသိရင် မှတ်ထား"

"အချစ်ကြောင့်ပြောင်းလဲတာ ဟုတ်လား ကိုဖြိုး"

မြေ ကကြားဖြတ်မေးလေတော့ ကိုဖြိုးတစ်ယောက်မြေ့ ကိုကြည့်ရင်းခေါင်းငြိမ့်ပြလာသည်။

"ဟုတ်တယ်ကွ မင်းကဆရာလေးကိုကြိုက်နေတာ"

"ဘာ!!!ငါက.. ငါက ဆရာလေးကိုကြိုက်နေတာ မ‌ဖြစ်နိုင်တာကိုဖြိုးရယ် မဖြစ်နိုင်တာ မဖြစ်နိုင်တာ"

အသည်းအသန်းငြင်းနေသော သူတို့၏သူငယ်ချင်းလေးအား ကြည့်ရင်း နှစ်ယောက်သား တစ်ဟားဟားနှင့်အော်ရယ်မိကြသည်။

"ဟုတ်တယ် မြေ ငဖြိုးပြောတာကိုဒီတစ်ခါတော့ငါထောက်ခံတယ် မင်း ဆရာတိမ်‌ရောင်လင်းကိုကြည့်တဲ့အကြည့်တွေထဲမှာ မြတ်နိုးမှု့တွေကိုအတိုင်းသားမြင်နေရတယ်"

"မြတ်နိုးမှု့...ဟုတ်လား ကိုထက်"

"ဟုတ်တယ် မြေ မင်းကိုယ်တိုင်မသိပေမယ့် ဘေးနားကကြည့်နေတဲ့ ငါတို့ကသိတယ် ငါတို့ပြောတာမယုံရင် မင်းကိုယ်မင်း သေချာပြန်စမ်းစစ်ကြည့် မင်းနဲ့ဆရာရဲ့အတူရှိချိန်ကများပါတယ် အဲ့လိုအတူရှိချိန်တွေမှာကိုယ့်ကိုကိုယ်ပြန်‌ မေးကြည့်မင်းရဲ့ရင်ခုန်သံတွေကမူမှန်‌နေရလားဆိုတာ ရဲသွေးသစ်နဲ့ သဘောမတူခဲ့ပေမယ့် ဆရာလေးနဲ့ဆိုရင်တော့ မင်းတို့ မင်္ဂလာဆောင်မှာ ငါကိုယ်တိုင်သတို့သားအရံလုပ်ပေးမှာ"

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now