Ep64(Final)

917 34 17
                                    

Unicode

"အကပ်!"

အိပ်ရာနှင့်ကျောလွတ်သွားသောကြောင့် အသိစိတ်တို့ကပြန်ဝင်လာရသည်။ညနေဘက်ကြီးအိပ်မိပြီးအိမ်မက်ဆိုးများကိုမက်နေသည်။နဖူးမှချွေးအားလက်နှင့်သုတ်လိုက်ရင်းလေပူတစ်ချက်ကိုမှုတ်ထုတ်လိုက်သည်။

ဒီတစ်ခေါက်တွေ့သည့် အကပ်က အရင်တွေ့နေကျအကပ်နှင့်မတူ။ပို၍ဖျော့တော့လာသောမျက်နှာနှင့်ပို၍ဆွေးမြေ့လာသောမျက်ဝန်းတွေ။သူ့ကောင်လေးတစ်ကယ်ပင်ပန်းနေပြီလား။အရာအားလုံးကို မျက်နှာလွှဲမိနေတာ သူမှား‌များမှားနေပြီလား။သူအခုလိုတွေလုပ်နေတာသူ့ကောင်လေးအတွက်တရားရဲ့လား။

တီ...တီ...တီ

ဘေးနားရှိစားပွဲပေါ်တွင်တင်ထားသောဖုန်းကထမြည်လာသောကြောင့်လှမ်းယူလိုက်သည်။ကြည့်လိုက်လေတော့ အမချောဆီမှ။

"ဟယ်လို...အမချောပြောပါ"

"သစ်...ရယ်စရာကောင်းမလားမသိပေမယ့်လေ...အမ...အမ အကို့ကိုလက်လွှတ်ပေးလိုက်ပြီ"

ငိုနေရင်းပြောနေပုံပေါက်သည်။
စကားသံတွေက ထွက်တစ်ချက်မထွက်တစ်ချက်။

"အရမ်းနာကျင်ရတယ်မဟုတ်လားအမ"

"အင်း ရူးမတတ်ဘဲ...သေလောက်အောင်နာကျင်ရတယ်...ဒါပေမယ့် အကိုပျော်နေတာကိုမြင်ရတော့ အမဝမ်းသာတယ်"

"အင်းပါ"

"အကိုကပြောတယ်...မိုးစက်ဟန်ကိုခေါ်ပြီးအဝေးဆုံးကိုထွက်သွားမယ်တဲ့...နောက်ဆုံးတော့လေ အမ အကို့ကိုတစ်ကယ်လက်လွှတ်လိုက်ရတာ...အကိုက အရာအားလုံးနဲ့လဲပြီး မိုးစက်ဟန်ကိုရွေးချယ်သွားတာ"

*အကိုကပြောတယ်...မိုးစက်ဟန်ကိုခေါ်ပြီးအဝေးဆုံးကိုထွက်သွားမယ်တဲ့....*

အမလင်္ကာချောပြောသည်ကစကားများစွာဖြစ်သော်လည်း သစ် ကြားသည်ကတော့ မိုးစက်ဟန်ကိုခေါ်သွားမည်ဆိုတာကိုပင်။သူချစ်ရတဲ့ကောင်လေးကို အဝေးကိုခေါ်သွားမည်တဲ့လား။ဒါကိုသူကကြည်ကြည်ဖြူဖြူခွင့်ပြုလိုက်ရတော့မှာလား။သူဒီလောက်ထိသဘောကောင်းပေးရတော့မှာလား။

"ဒါပဲနော် သစ်...အမဖုန်းချလိုက်တော့မယ်နော်"

ငူငူကြီးထိုင်နေမိသည်။
စိတ်တွေလည်းရှုပ်ထွေးလွန်းလှပါသည်။
ဒီတစ်ခေါက်တွေ့ခဲ့တဲ့ အိမ်မက်ထဲကကောင်လေးက သိပ်ကိုဖျော့တော့နေသည်။သူချစ်ရတဲ့ကောင်လေးကတစ်ကယ်ပဲပင်ပန်းနေတာလား။သူဘယ်လိုဆုံးဖြတ်ရပါ့မလည်း။
....................................
....................................
"ကျစ်!....တစ်ကယ်ပြဿဒါးပဲကွာ"

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now