Ep 63

286 19 3
                                    

Unicode

"ဆရာလေးဘေးနားကထွက်သွားဖို့ကိုထပ်ပြီးပြောမယ်ဆိုရင်တော့ ကျွန်တော့်ကိုပြန်ခွင့်ပြုပါဦး"

"တို့ဘာမှမပြောရသေးဘူးလေမိုးစက်ဟန်"

"ပြောမှာစိုးလို့ကြိုကာထားတာပါ"

နှုတ်ခမ်းအားမဲ့လိုက်ကာ သူ့အားကြည့်လာသည်။
တီချယ်လင်္ကာချောသဘောထားကိုသိပြီးတဲ့အချိန်တည်းက တီချယ်ကိုယ်တိုင်ကလည်း သူ့စိတ်ကိုဖုံးကွယ်မနေတော့ဘဲ မြေ့ အား ဖော်ပြလာသည်။
အခုဆိုသူတို့က ပြိုင်ဘက်တွေအလား။

"အခုမင်းကိုတွေ့ချင်တဲ့သူက တို့ မဟုတ်ဘူး မိုးစက်ဟန်"

"ဗျာ!."

"မင်းကိုတစ်ကယ်တွေ့ချင်တဲ့သူရှိတယ်...ခဏနေလာလိမ့်မယ်"

သံပရာရည်အားငုံ့သောက်လိုက်သည်။
မြေ့ ကိုတစ်ကယ်တွေ့ချင်တဲ့သူက ဘယ်သူများပါလိမ့်။
တီချယ်လင်္ကာချောနဲ့ပတ်သတ်လေတဲ့သူဆိုရင်တော့ ကောင်းသောတွေ့ဆုံခြင်းဟုတ်ပါလေတော့မလား။

သူတို့ဝိုင်းရှိရာသို့လာသော အန်တီအရွယ်တစ်ဦး။
တိတိကျကျပြောရမည်ဆိုပါက ဆရာလေး၏အမေပင်။ဆရာလေး၏အမေဆိုတဲ့အသိကြောင့် လက်ဖျားခြေဖျားများပါအေးစက်သွားရပြီး ခန္ဓာကိုယ်ပါတောင့်သွားရသည်။မြေ့ ကိုဘာတွေများပြောဦးမလို့ပါလည်း။

"မင်းက မိုးစက်ဟန်နော်"

"ဟုတ်...ဟုတ်ကဲ့"

"အန်တီပွင့်ပွင့်လင်းလင်းပဲပြောမယ်...အန်တီသားနဲ့မင်းတို့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စကိုအန်တီသိပြီးပြီ...သူများအဖိုးတန်းသားသမီးကို အန်တီရက်ရက်စက်စက်မပြောရက်ဘူး...အန်တီသားနဲ့မင်းကိုသဘောမတူဘူး...အကြောင်းအရင်းကိုမင်းသိမှာပါ...မင်းသာ မိန်းကလေးတစ်ယောက်ဆိုရင် သဘောမတူရင်တောင် အန်တီ မျက်စိပိတ် နားပိတ်ပြီးနေပေးလို့ရတယ်...ဒါပေမယ့် အခု မင်းက ယောင်္ကျားလေး....အတ္တကြီးတယ်လို့ အန်တီကိုပြောလည်း အန်တီခံမှာပါ....အန်တီသားကိုတော့ပတ်ဝန်းကျင်က လက်ညိုးထိုးမှာ အန်တီမခံနိုင်ဘူး"

နဂိုကတည်းက မျက်ရည်လွယ်တတ်တဲ့သူဖြစ်လို့ မျက်ရည်များကရစ်ဝိုင်းလာရသည်။ဆရာလေးအမေပြောတာဘာမှဝမ်းနည်းစရာမပါတဲ့ အမှန်တရားတွေဆိုတာသိပေမယ့်လည်း မြေ လက်မခံချင်။အတ္တပိုကြီးတဲ့သူက မြေ ဖြစ်မယ်ထင်ပါတယ်။

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now