Ep 40

249 22 4
                                    

Unicode

ခြံတံခါးဖွင့်ကာ ခြံထဲဝင်လိုက်ရင်း ဇလပ်ပန်းများကို ကြည့်နေမိသည်။
မြေ က ဇလပ်ပန်း ဆိုအရမ်းကြိုက်တာ။
ဆရာလေး ဒီပန်းတွေကိုပျိုးထားတာ တော်တော်‌ကြာပြီနဲ့တူပါတယ်။
ဒီအိမ်က ဆရာလေးနဂိုတည်းကနေတဲ့အိမ်တဲ့လေ။
ကျောင်းပိတ်ရက်တွေဆို အမြဲ ရန်ကုန်ပြန်တတ်တဲ့ဆရာလေးက ဒီအိမ်မှာပဲဝင်ဝင်ပြီးတည်းတာတဲ့။
ဆရာလေးက သူ့ကိုအရင်တည်းကစိတ်ဝင်စားနေခဲ့တာပဲ။အဲ့ဒါတောင်မူချင်သေးတာ။

ပိုက်အားယူရင်း ပန်းပင်များအားရေလောင်းပေးလိုက်ပြီး လွယ်အိတ်အားဝင်ယူကာ အိမ်ပြန်ခဲ့လိုက်တော့သည်။

တက္ကစီ စီးရင်း အပြင်ကမြင်ကွင်းများကိုငေးကြည့်နေမိသည်။ချစ်ရသူကို မပိုင်ဆိုင်ခင်တုန်းကလည်း ပိုင်ဆိုင်ချင်လို့ပူရပြန်သလို ယခုပိုင်ဆိုင်ရပြန်တော့လည်း ဆုံးရှုံးရမှာကြောက်၍ပူရပြန်ပါသည်။

ဆရာလေးဘေးနားမှာရှိရင် သူပျော်တယ်။
ဆရာလေးအပြုံးတွေမြင်ရရင် သူ‌ကြည်နူးတယ်။
ဆရာလေးဘေးနားမရှိတဲ့အချိန်ကျ ဆရာလေးကိုသတိရတယ်။တစ်ခုခုလိုအပ်နေသလိုခံစားရတယ်။
မညာတမ်းဝန်ခံရရင် အမြဲတမ်း ဆရာလေးနဲ့ပဲအတူတူရှိချင်တယ်။

အတွေးများစွာကိုတွေးမိနေသောကြောင့် ခြံရှေ့ကားရပ်သွားသည်ကိုတောင်မသိလိုက်။

"ကောင်လေး...မင်း‌ပြောတဲ့အိမ်ရောက်ပြီ"

"အာ...ဟုတ်ကဲ့ ကျေးဇူးပါ"

Taxiဦးလေးကြီးအားပိုက်ဆံပေးပြီးဆင်းလာလိုက်တော့သည်။ကားထွက်သွားသည်အထိ သူအိမ်ထဲမဝင်မိဘဲ ခြံရှေ့တွင်သာရပ်ရင်းအိမ်ထဲကိုကြည့်နေမိသည်။

သူ့ခန္ဓာကိုယ်အစစ်သာဆိုရင်ဘယ်လောက်ကောင်းလိုက်မလည်း။သူ့ဘဝအစစ်အမှန်က ဆွေမျိုးအသိုင်းအဝိုင်းမရှိတာကြောင့် မွေးရပ်မြေမှာပဲ ဆရာလေးနှင့်အတူတူတိတ်တိတ်ကလေးနေရရင်ဘယ်လောက်များကောင်းလိုက်မလည်း။တစ်ခါတစ်လေကျတော့လည်း ပကာသနတွေမရှိတဲ့ဘဝလေးကသိပ်ကိုအေးချမ်းပါသည်။

အတွေးများအားကုန်စင်အောင်စွန့်ပစ်လိုက်ရင်း ခြံတံခါးဖွင့်ရင်းသာ အသာဝင်လာမိတော့သည်။
မေမေနှင့်မတွေ့ရတာတောင်တစ်ပတ်ရှိနေပြီ။

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now