Ep 5

471 43 0
                                    

Unicode

"ဟိတ်...ကိုယ်ထိုင်လို့ရတယ်မဟုတ်လား"

မိုးစက်မော့ကြည့်လိုက်တော့ မနေ့ကတစ်ယောက်

"ရပါတယ်"

မိုးစက်အဖြေသံကြားပြီနောက် မင်းထက်ခန့်ကျော်နှင့်ဇေယျာဖြိုးကပါ "ဘာလား"ဟူသော အကြည့်များနှင့် မိုးစက်ကိုကြည့်လာကြသည်။

" အန်တီမွန်က မင်းကိုပါတစ်ခါတည်းကြိုခဲ့ပေးပါဆိုလို့"

"အော်...ဟုတ်ကဲ့ နောက်အတန်းပြီးရင် အတန်းပြီးပါပြီ"

"OK အဲ့တာဆို ကိုယ် ကျောင်းရှေ့မှာမင်းကိုစောင့်နေလိုက်မယ်နော်"

"ဟုတ်ကဲ့ပါ ကိုရဲသွေးသစ်"

ရဲသွေးသစ် ထွက်သွားပြီနောက်တွင်တော့ မေးခွန်းပေါင်းများစွာမေးချင်နေသည့် မျက်လုံးများက သူ့အားသေချာကြည့်လာလေသည်။

"မိုးစက် ဘာတွေလည်း မနေ့က လာမိတ်ဆက်တဲ့အကိုသုံးယောက်ထဲကတစ်ယောက်မဟုတ်လား သူနဲ့မင်းကဘယ်လိုသိတာ မင်းကကော သူ့နာမည်ကိုဘာလို့မှတ်မိနေရတာလည်း"

"ကျော်ကြီးရာ ဖြေးဖြေးမေးစမ်းပါ မင်းဟာကလည်းတစ်ရေစပ်"

"အေးပါ ငါဖြေပါ့မယ် ကိုရဲသွေးသစ် အမေနဲ့ငါ့အမေကသိနေကြတာကွ မနေ့ကငါကျောင်းပြန်တော့ ကိုရဲသွေးသစ်အမေတွေကအိမ်လာတာနဲ့ကြုံပြီး အဲ့လိုတွေဖြစ်ကြတော့တာပဲကွာ နဂိုတည်းက မင်းတို့သိတဲ့အတိုင်းပဲလေ မေမေက ငါ့ကို မတော်တရော တွေနဲ့တွေ့မှာ အရမ်းစိုးရိမ်တာလေ အဲ့ဒါကြောင့် ကိုရဲသွေးသစ် လက်ထဲကိုအပ်လိုက်တော့တာပါပဲကွာ ဒါပေမယ့် ကိုရဲသွေးသစ်ကိုငါတစ်နေနေရာမှာမြင်ဖူးသလိုပဲ"

ကျော်ကြီး တစ်ယောက် စိတ်ပျက်လက်ပျက်နဲ့ခေါင်းခါမိသည်ကို ကိုဖြိုးက သတိထားမိဟန်တူသည်။

"ကျော်ကြီး မင်းကလည်းကွာ ဘာဖြစ်နေတာလည်း ရုပ်က လဒမှိုင် မှိုင်နေတယ်"

"မြင်ဖူးမှာပေါ့ သူကရပ်ကျော်ရွာကျော် မြို့ကျော်ပြည်ကျော်လေ ငဖြိုး မင်းလည်းသိတယ်မဟုတ်လား ရဲသွေးသစ်က ဘယ်လိုလူမျိုးလည်းဆိုတာကို"

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now