EP 60

244 24 6
                                    

Unicode

"သားသစ်...အောက်မှာသမီးချောရောက်နေတယ်"

"ဟုတ်မား...ကျွန်တော်ဆင်းလာခဲ့မယ်"

MacBookအားပိတ်လိုက်ကာ။သစ်ထရပ်လိုက်သည်။အမချောကဘာကိစ္စများရှိလို့များသူဆီလာရတာပါလိမ့်။အင်း..သူတောင် အန်တီမွန်တို့ဆီမသွားတာ တော်တော်ကြာပြီပဲ။

အောက်ဆင်းသွားလေတော့ ဆိုဖာပေါ်တွင်ထိုင်နေသော အမချောကိုတန်းမြင်သည်။ဒီလောက်ထိကျက်သရေရှိပြီးလှပတဲ့အမျိုးသမီးတစ်ယောက်ကိုပြန်မကြိုက်တဲ့သူလည်းအံ့ဩစရာပင်။

"အမချော"

"အမနှောင့်ယှက်သလိုဖြစ်သွားရင် sorryနော်သစ်"

မတ်တပ်ရပ်ကာပြောလာသည်မို့ သစ်ခေါင်းတစ်ချက်အားအသာငြိမ့်ပြလိုက်သည်။

"ရပါတယ် အမ...ထိုင်ပါ....လာရင်းကိစ္စကဘာများလဲ...အမလိုအလုပ်တွေနဲ့မအားတဲ့သူက အကြောင်းအရင်းမရှိဘဲကျွန်တော့်ဆီလာမှာမဟုတ်ပါဘူး"

"အင်း အကြောင်းမရှိဘူးလို့ပြောရင် လိမ်ရာရောက်မှာပေါ့ အကြောင်းအရင်းကရှိပါတယ်"

"ဘာများလဲ"

သက်ပြင်းတစ်ချက်ရှိုက်လိုက်ရင်း ပြောဖို့အားယူလိုက်သည်။ဒီကိုလာရတဲ့ကိစ္စက မိုးစက်ဟန်ကိစ္စပင်။ဟိုနေ့က ကိတ်ဆိုင်မှာပြုမှုသွားတဲ့လုပ်ရက်နဲ့ပတ်သက်ပြီး ချော နည်းနည်းလေးမှမကျေနပ်ပါ။အကိုနှင့်ကြည်နူးနေတာကိုမြင်ရတာက ချောအတွက်တော့ ကျေနပ်စရာမကောင်း။

"မိုးစက်ဟန်နဲ့တွေ့ဖြစ်သေးလား သစ်"

မိုးစက်ဟန် ဆိုသည့်နာမ်စားကြောင့် သစ်၏မျက်နှာရုတ်ချည်ဆိုသလိုတည်သွားသည်။မရ ရအောင်မေ့ပျောက်ထားသည့်ကိစ္စအား အစလာဖော်နေပြန်ပါပြီ။

"မတွေ့ဖြစ်ဘူး အမ...ဘာဖြစ်လို့လဲ"

"မိုးစက်ဟန်ကို ရအောင်ပြန်ယူမယ်ဆိုပြီး အမကို သစ်ပဲပြောထားတာလေ...အခု သစ် ပုံစံက လွှတ်ထားပေးသလိုဖြစ်နေတယ်"

"သူ့ကိုကျွန်တော်စိတ်မဝင်စားတော့ဘူး အမ...သူ့ဘဝနဲ့သူပျော်ပါစေ...ဖြစ်ချင်ရာဖြစ်ဆိုပြီး ထားခဲ့တဲ့ကျွန်တော့်အပြစ်တွေလို့ပဲယူဆတယ်...ပြီးတော့ သူက တိမ်ရောင်လင်းကိုတော်တော်ချစ်မယ့်ပုံပဲ သူများကြားထဲကျွန်တော်ဝင်မပါချင်တော့ဘူး အမ"

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now