Ep 6

382 38 0
                                    

Unicode

မိုးစက် အိမ်ထဲကိုဝင်လာသည်နှင့် ဧည့်ခန်းတွင် ပန်းအိုးများအားအလှဆင်နေသော မေမေ့ ၏နောက်ကျောကို မြင်လိုက်ရသည်။

"မေမေ သားပြန်ရောက်ပါပြီ"

"အော် သားလေး လာလာ....ဒီမှာလေ ပန်းသစ်ပေးတဲ့ သစ်ခွပန်းလေးတွေကို အလှဆင်နေတာ လှတယ်မဟုတ်လား"

"ဟုတ် မေမေ လှပါတယ်"

ပြောလည်းပြော ဆိုဖာပေါ်လည်းသွားပြီး လွယ်အိတ်ကိုချရင်း မိုးစက် ထိုင်လိုက်သည်။

"သား မိုးစက် ဒီနေ့ ‌သစ် ကသားကိုလာကြိုတယ်မလား"

"ဟုတ် မေမေ....မေမေကြိုခိုင်းလိုက်တာဆို"

"ဟုတ်တယ် သားလေးရဲ့ မေမေကြိုခိုင်းလိုက်တာ အိမ်မှာက ကားနှစ်စီးပဲရှိတာလေ တစ်စီးက သားဖေဖေရဲ့ အလုပ်သွားအလုပ်ပြန် နောက်တစ်စီးကကျတော့ မေမေက ဈေးသွား သားက ကျောင်းသွားနဲ့တစ်ခါတစ်လေအချိန်တွေတိုက်လွန်းလို့ ဒုက္ခများရတယ် မဟုတ်လား"

"ကားတစ်စီးဝယ်ဖို့ သားအမြဲပြောခဲ့တာပဲကို"

"အပိုကုန်လို့ပါ ကလေးရယ် အဲ့ဒါကြောင့်လည်း သားသစ်ကိုပဲ အပူကပ်ရတော့တာပေါ့"

"သူများကို အားနာစရာ မေမေရယ်"

"အဟင်းဟင်း...အားနာစရာမလိုပါဘူး သားလေးရယ် ပန်းသစ်နဲ့ မေမေတို့က ဟိုးအရင်တည်းကသိလာကြတဲ့သူတွေသားလေးရဲ့ မေမေမှာ သမီးမရှိလို့ပေါ့ ရှိရင်သားသစ်နဲ့လက်ထပ်ပေးတယ် သားသစ်က လိမ္မာရေးခြားလည်းရှိတယ် တော်လည်း တော်လည်းတော်တယ် ရုပ်ကလေးဆိုလည်းပြောစရာကိုမလိုတာ"

တစ်ပြုံးပြုံးနဲ့ပြောနေသော မေမေအားကြည့်ရင်း မိုးစက်ဟန် သက်ပြင်းချမိသည်။ရဲသွေးသစ် အကြောင်း အစုံအလင်သာသိရင် မေမေအခုလို ပြောနိုင်မှာမဟုတ်ဘူး ဟုလည်းတွေးမိသည်။

"ကဲကဲ သွားနားချေတော့ သားလေး"

"ဟုတ် မေမေ"

အပေါ်ထပ်ကို ဖြေးညှင်းစွာတတ်လာရင်း တတ်တတ်ချင်းတွေ့ရသည့် မိမိအခန်းသို့မိုးစက်ဝင်လာကာ လက်တွင်ကိုင်ထား‌သောလွယ်အိတ်အား အိပ်ရာ ထပ်သို့ ထပ်မံပစ်ချလိုက်သည်။မျက်မှန်အား စာရေးစားပွဲပေါ်တွင်တင်လိုက်ပြီး သူ၏ခန္ဓာကိုယ်သေးသေးလေးကိုပါ အိပ်ရာပေါ်‌ မှောက်ချလိုက်သည်။ဘာကို စိတ်လေးနေမှန်းမသိပေမယ့် ဒီနေ့ မိုးစက်၏စိတ်မအီမသာဖြစ်နေမိသည်မှာအမှန်။

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now