ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ

274 19 5
                                    

Unicode

သုံးလလောက်အချိန်ယူပြီးရေးခဲ့ရတဲ့ Ficလေးက အခုတော့အဆုံးသတ်ခဲ့ပါပြီ။အကီရဲ့စာဖတ်သူတွေကိုအကီကအရမ်းကျေးဇူးတင်ပါတယ်။ongoingလိုက်ခဲ့တဲ့သူတွေကိုရော၊completeဖြစ်မှဖတ်မယ့်သူတွေကိုရော အကုန်လုံးကိုကျေးဇူးတင်ပါတယ်။စာဖတ်သူတွေရှိလို့သာ အကီဒီနေရာထိရောက်လာခဲ့တာပါ။အကီလိုတတ်သစ်စ ဘာမှမဟုတ်တဲ့ authorတစ်ယောက်ကို ဒီနေရာထိဆွဲခေါ်လာပေးကြတာမို့တစ်ကယ်ကိုကျေးဇူးတင်ရပါတယ်။

အခုပြောမှာကတော့ဇာတ်သိမ်းကိုပါ။
ဒီလိုဇာတ်သိမ်းလေးဖြစ်ဖို့ကို အကီအများကြီးစဉ်းစားခဲ့ရပါတယ်။ငါဒီလိုရေးရင်စာဖတ်သူတွေကြိုက်ပါ့မလားဆိုပြီးအများကြီးတွေးမိခဲ့ပါတယ်။ဒါပေမယ့်လည်း ဇာတ်သိမ်းကိုတော့သဘာဝဆန်ဆန်လေးပဲသိမ်းပေးလိုက်ပါတယ်။အကီဖန်တီးထားတဲ့ဇာတ်ကောင်တစ်ယောက်ချင်းစီတိုင်းမှာ ခံစားချက်ကိုယ်စီရှိခဲ့ပါတယ်။

သစ် ဆိုလည်း မိုးစက်ဟန်ကိုအရမ်းချစ်ခဲ့တာမို့ မိုးစက်ဟန်ခန္ဓာကိုယ်ကိုတစ်ခြားတစ်ယောက်ကိုပေးလိုက်ဖို့ အကီမလုပ်နိုင်ခဲ့ဘူး။အဲ့လိုပဲ မိုးစက်ဟန်ဝိဉာဉ်ကလည်း လေလွှင့်ဝိဉာဉ်ဖြစ်နေတာမို့လို့ သူ့ခန္ဓာကိုယ်သာ အေးအေးချမ်းချမ်းမရှိရရင် ဆက်ပြီးလေလွှင့်နေရဦးမှာ။ သတိထားမိမလားတော့မသိပေမယ့် တိမ်ရောင်ဆိုလည်း မိုးစက်ဟန်ကိုမြင်တိုင်း စိမ်းလန်းမြေအစစ်ကိုပဲသတိရနေခဲ့တာပါ၊စိမ်းလန်းမြေအစစ်သာဖြစ်ရင်ဘယ်လောက်ကောင်းမလည်းဆိုပြီးအမြဲတွေးနေခဲ့တဲ့သူပါ။‌  မြေ ဆိုလည်း ဒီခန္ဓာကိုယ်ထဲမှာနေရလို့ ပျော်ခဲ့တယ် ဆိုတာတစ်ခါမှမရှိခဲ့ဖူးပါဘူး။သူအမြဲတမ်းကြောက်လန့်နေခဲ့ရတာပါ။သူ့အပိုင်မဟုတ်တဲ့ခန္ဓာကိုယ်ကို ပြန်ပေးရမယ်ဆိုတဲ့အသိက သူ့ကိုတစ်ချိန်လုံးစိုးမိုးနေခဲ့တာပါ။ဒါကြောင့် အဲ့ဒီအကြောက်တရားကြီးကနေလွတ်မြောက်‌အောင် အခုလိုဇာတ်သိမ်းလိုက်တာပါ။ချော ဆိုလည်း တိမ်ရောင်လင်းအပေါ်ချစ်ခဲ့တဲ့အချစ်က စစ်ခဲ့ပါတယ်။အဲ့ဒါကြောင့် သူမရဲ့ခံစားချက်ကိုလည်းထည့်တွေးပေးခဲ့ပါတယ်။အကီ့ရဲ့လက်သုံးစကားအရဆိုရင် ဒုတိယလူမှာလည်းအခွင့်အရေးရှိသင့်ပါတယ်၊ဗီလိန်တွေချစ်တဲ့အချစ်ကလည်းအချစ်စစ်ဖြစ်သင့်ပါတယ်။အဲ့ဒါကြောင့် ဇာတ်သိမ်းကိုအကီကဒီလိုလေးပဲသိမ်းလိုက်ပါတယ်။

🎉 You've finished reading တိမ်တွေပြိုသည်ရှိခဲ့သော/ တိမ္ေတြၿပိဳသည္ရိွခဲ့ေသာ(Completed) 🎉
တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now