Ep 44

223 22 7
                                    

Unicode

အလုပ်မရှိ ကြောင်ရေချိုးဆိုသည့်အတိုင်း ဘာမှလုပ်စရာမရှိ၍ မေမေ စိုက်ထားသောပန်းပင်များအားရေလောင်းပေးနေမိသည်။ဆရာလေး အိမ်ကိုစောင့်ရှောက်ပေးပြီးတည်းက ပန်းပင်များတွေ့ရင် ရေမလောင်းပေးဘဲမနေနိုင်တော့။

ရွာက ပြန်လာပြီးတည်းက ဆရာလေးနှင့်မတွေ့ဖြစ်တာ နှစ်ပတ်လောက်ပင်ကျော်နေပြီ။ဆရာလေးကအလုပ်များတဲ့သူလေ။မိမိကသာ အားနေတာ။အဲ့တော့လည်းတွေ့ချင်တဲ့သူကပဲစောင့်ရတာပေါ့။အခုတော့ မအားတော့ပါဘူး သင်တန်းလေးတစ်ခုတတ်နေတယ်။

ပန်းပင်များကိုသာဂရုတစ်စိုက်ရေ‌ပြန်လောင်းပေးပြီး ဆရာလေးအကြောင်းတွေးနေလိုက်သည်။ဆရာလေးက သူ့ကိုသိပ်စိုးမိုးတာ။သူမတွေးရင်တောင် အတွေးထဲဝင်ဝင်လာတတ်တာ။အဲ့တော့လည်း ‌မဝင်လာခင်ကတည်းကတွေးလိုက်တာပေါ့။

ကိုယ်အနေအထိုင်တွေများ မတတ်လို့လား~~~~

ကိုယ်ခိုးခိုးပြီးတော့ ကြည့်တာပါ~~~

ဒါသူမြင်တယ်ဆို ရင်မှာပုဏ္ဏားတွေရှိမလား~~~

"အမလေး ကြီးတော်ကြီး!!"

မိမိခါးအားဖက်လိုက်သောလက်ကြောင့် ရုတ်တရပ်လန့်သွားပြီး ရေပိုက်ပါပြုတ်ကျသွားရသည်။

"ဘယ်...ဘယ်သူလဲ...ဘာလို့လာဖက်နေတာလည်း လွှတ်...ငါ့ကောင်လေးပဲ ငါ့ကိုဖက်ခွင့်ရှိတာ ဘယ်သူမှငါ့ကိုဖက်လို့မရဘူး..လွှတ်လေ"

ခါးပေါ်ရှိလက်အား အတင်းဖယ်လည်း သန်မာလှသော တစ်ဖက်လူကြောင့်အရာမဝင်။

ဒေါသထွက်နေသော အကပ်၏အသံကိုနားထောင်ရုံနဲ့ သစ်ရယ်ချင်မိပါသည်။ဒီကလေး စကားတွေတတ်လာလိုက်တာ။သူ့ ကောင်လေးပဲသူ့ကိုဖက်ခွင့်ရှိသည်တဲ့....အခုထိသူ့ကိုချစ်တုန်းပါပဲလား။

"လွှတ်လို့ ပြောနေတယ်လေ"

"လွှတ်ပါပြီကွာ...ကိုကိုရဲ့အကပ်ကလေးက ဒေါသအိုးလေးမှန်းအခုမှပဲသိတော့တယ်"

အကပ်ဆိုသည့် နာမည်ကြောင့် မျက်နှာကိုမဲ့လိုက်ကာ အနောက်လိုက်လှည့်လိုက်မိလေတော့...

*Oh..god တော်တော်ခန့်ညားတဲ့လူပဲ*

စိတ်ထဲမှ ရေရွတ်မိရင်း ရန်တွေ့ဖို့ကိုပင်မေ့နေသည်အထိ။ထိုလူ၏ ပုံစံက မာနထည်ထည်ဝါဝါနှင့်ခန့်ညားနေတာမျိုး။သို့ပေမယ့်လည်း မိမိ၏ဆရာလေးကိုတော့မမှီပါ။ထိုလူက ထည်ထည်ဝါဝါခန့်ညားနေတာဆိုရင် မိမိရဲ့ဆရာလေးက ဂုဏ်သရေရှိရှိနဲ့ခန့်ညားနေတာ။

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now