Ep 22

263 28 0
                                    

Unicode

"စာတွေကခက်လိုက်တာကွာ ဒီစာကိုဘယ်သူတွေကများ တီထွင်ခဲ့ပါလိမ့်"

"လွယ်ပါတယ် မြေရာ မင်းမတွက်တတ်လို့ပါ"

"ကိုထက် တွက်တတ်လည်း ငါကမတွက်တတ်လို့ ငါ့အတွက်ကမလွယ်ဘူး"

"အရင်က မိုးစက်ဟန်မှဟုတ်ရဲ့လားကွာ ငါ့လိုစာညံ့တဲ့သူတောင် ဒီ equationကိုတွက်တတ်တယ်"

"ကိုဖြိုးကတွက်တတ်ပေမယ့် ငါမတွက်တတ်ပါဘူးဆို တပည့်တော်ဆုတောင်းသံကိုကြားတဲ့ ဘုရား ကယ်ပါ တစ်ကယ်ခေါင်းခြောက်လာလို့ပါ"

ပြောပြောဆိုဆိုနှင့် စာအုပ်တွေအပေါ်သို့ခေါင်းမှောက်‌ချလိုက်သော စိမ်းလန်းမြေပင်။

"လာလာ မင်း မတွက်တတ်ရင်ငါရှင်းပြမယ်"

"ကူညီပါဦး"

"ဒီမှာကြည့်...."

ဆယ်တန်းအောင်ခဲ့သော်ငြားလည်း ဆယ်တန်းစာကိုပင် မမှတ်မိသည့် မိမိအတွက်က ဒုတိယနှစ်စာကိုသင်ရသည်မှာ မလွယ်ပေ။

"ရပြီလား"

"ကျေးဇူးပါ ကိုထက်ရာ ရပြီ ရပြီ"

တနင်္ဂနွေနေ့ ကျောင်းပိတ်ရက်ဖြစ်သောကြောင့် မိုးစက်ဟန်၏ ခြံထဲတစ်နေရာဖြစ်သော ‌ပန်းခြံလိုနေရာထဲတွင် သူငယ်ချင်းသုံးယောက်စု၍စာလုပ်နေခြင်းပင်။ကျောင်းတတ်တာကြာလာသည်နှင့်အမျှစာတွေက ပိုခက်လာပြီး စာမေးပွဲတွေကလည်း ပိုခက်လာသည်။ဒီပုံစံနှင့် ဒုတိယနှစ်ကိုဘယ်လိုအောင်မြင်အောင်ဖြေဆိုရပါ့။

"ပန်းခြံလုပ်ထားတဲ့ပုံက တစ်ကယ်သပ်သပ်ရပ်ရပ်လေး‌နော် အန်တီမွန်က အလှအပ အမြင်အရမ်းရှိတာပဲ အန်တီမွန်လို အမေမျိုးရတာ မင်းကံကောင်းတယ် မြေ"

မြေ တစ်ယောက် မင်းထက်ခန့်‌ကျော်၏ အပြောကို ခေါင်းငြိမ့်၍သာပြုံးပြလိုက်တော့သည်။ဒီနေရာ ဒီပစ္စည်း ဒီပိုင်ဆိုင်မှု့တွေ ယုတ်စွအဆုံး ဖေဖေနှင့်မေမေကအစ မြေ့ရဲ့ပိုင်ဆိုင်မှု့တွေ မြေ့ရဲ့ကံကောင်းမှု့တွေမဟုတ်ပါ။ထိုအရာတွေအကုန်လုံး၏ ပိုင်ရှင်က ဒီခန္ဓာကိုယ်မူလပိုင်ရှင်မိုးစက်ဟန်ပင်။မိမိပိုင်ဆိုင်မှု့ဟူ၍ တစ်စိုးတစ်စဉ်းမျှမရှိ အကုန်လုံးက မိုးစက်ဟန် ပိုင်ဆိုင်သောအရာတွေ။မိမိကိုယ်တိုင်ကလည်း ထိုစည်းစိမ်းတွေအပေါ်မြူတစ်မှုန်စာတောင်လောဘမတတ်မိပေမယ့် ချစ်ခြင်းမေတ္တာတွေအပေါ်မှာတော့ လောဘတတ်ခဲ့မိသည်ကိုအရှက်မဲ့စွာဝန်ခံရမည်ပင်။အန်တီမိုးစက်မွန်နဲ့အန်ကယ်ဦးဟန်ပုံ တို့ မိမိအပေါ်ထားရှိသော ချစ်ခြင်းမေတ္တာ မိုးစက်ဟန်၏သူငယ်ချင်းနှစ်ယောက်ဖြစ်သော ကိုထက်နှင့်ကိုဖြိုးတို့ရဲ့ ခင်မင်သောမေတ္တာ ထိုမေတ္တာများကိုတော့ မိမိအပိုင်ဖြစ်လာစေချင်ပါသည်။သို့ပေမယ့်လည်း မိမိအား မိုးစက်ဟန်ဟု ထင်နေ၍သာ ထိုချစ်ခြင်းများက ဖြစ်တည်လာရခြင်းမဟုတ်လား။

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now