Ep 34

193 22 2
                                    

Unicode

"အခြေအနေဘယ်လိုလည်း..."

ပြီးလုလုဖြစ်နေသော အုန်းလပ်မဏ္ဏုပ်အားလှည့်ပတ်ကြည့်နေချိန်တွင် ကိုထက်ကမေးလာခြင်းပင်။

"ကောင်းပါတယ်...ဖိတ်ပြီးပြီ ဆရာလေးကလာမယ်တဲ့.."

"အခွင့်အရေးကိုကောင်းကောင်းအသုံးချနော် မြေ."

"အေးပါကွ..."

..................................

ဘာလိုလိုနဲ့သင်္ကြန် အကြိုနေ့ကိုတောင်ရောက်လာပြီပင်။

ဆရာလေးကလာမယ် လို့ မိမိကိုစာပို့ထားသည်မို့ အဝတ်အစားများအား သန့်သန့်ပြန့်ပြန့်ဝတ်ကာစောင့်နေမိသည်။

မိန်းကလေး ဖြစ်ဖြစ် ယောင်္ကျားလေးဖြစ်ဖြစ် ချစ်ရသူ‌၏ရှေ့တွင်တော့ ကြည့်ကောင်းချင်ကြပါသည်။ထို့ကြောင့် သူလည်း ပုံမှန်အချိန်ထပ်ပို၍ပြင်ဆင်ထားမိသည်။ရုတ်တရက်ဖုန်းလာသောကြောင့် ယူကြည့်လိုက်တော့ ကိုထက်ဆီမှ....

"Hello...ကိုထက် ပြော"

"ငါတို့ မဏ္ဏုပ်ကိုရောက်နေပြီ မြေ...ငါ့သူငယ်ချင်းတွေရော ငဖြိုးသူငယ်ချင်းတွေရောပါလာတယ်"

"လူများလား..."

"အယောက်သုံးဆယ်ကျော်လောက်ပေါ့"

"အေးအေး...မဏ္ဏုပ်ကို မင်းတို့ပဲလုပ်ထားလိုက်တော့ အိမ်မှာ မေမေက မုန့်လုံးရေပေါ်နဲ့ရွှေရင်အေး တိုက်မလို့တဲ့ ပြင်ဆင်ထားတယ်"

"ကောင်းတာပေါ့ကွ...အေး အဲ့ဒါဆို ဒါပဲ မဏ္ဏုပ်ကိုလုပ်လိုက်ဦးမယ်"

"အေးအေး"

ဖုန်းအားချရင်း အိပ်ရာအစွန်းပေါ်တွင်ထိုင်နေလိုက်သည်။
ဆရာလေး မရောက်သေးရွေ့ မဏ္ဏုပ်သို့သူမသွားချင်သေးပါ။
ချစ်ရတဲ့သူမရှိရတဲ့နေရာကား တစ်စပြင်လိုပင် တိတ်ဆိတ်ပြီးနေချင်စရာမကောင်းပေ။
ထို့ကြောင့်ဆရာလေးလာမှပဲ မဏ္ဏုပ်သို့သွားမည်ဟုတွေးထားသည်။

တင်!

ဖုန်းထဲမှ messageဝင်လာသည့်အသံကြောင့်ယူကြည့်လိုက်တော့.....

"မင်းတို့အိမ်ရှေ့ရောက်နေပြီ..ဖုန်းခေါ်တော့မအားဘူးဆိုတာနဲ့ မခေါ်တော့တာ"

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now