[အပိုင်း၁ u+z]

18.5K 777 24
                                    

Unicode

" ခွင့်လွှတ်ပါ "

ရင်ဖုံး အကျီ အနီရောင်တောက်တောက်ကလေးက ထဘီ အညှိုရောင်ကလေးနဲ့ လိုက်ဖက်စွာ တည်ရှိနေသည်။ထို အမျိုးသမီးသည် မြန်မာဆန်သော အလှတရားကို နက်နက်ရှိုင်းရှိုင်း ပိုင်ဆိုင်ထားဟန်တူသည်။

ထို အမျိုးသမီးက လှပသလောက် မြွေဟောက် တစ်ကောင်လို အဆိပ်ပြင်းလှ၏။

"ဘာလို့လဲ ဘာလို့များလဲ အားလုံး စီစဥ်ပြီးနေခါမှကွာ.."

အသက် လေးဆယ်ကျော် ရှိသော အမျိူးသား တစ်ယောက်ရဲ့ မျက်ရည်များ မြင်နေရခြင်းက ထိုအမျိုးသမီး အတွက် အံ့သြစရာကောင်းအောင် ခံစားချက် ကင်းမဲ့နေသည်။

"ခွင့်လွှတ်ပါ ကျွန်မ ဘက်က လက်ထပ်ပွဲအတွက် ကုန်ကျတာတွေ ပြန်လျှော်ပါ့မယ် ကျွန်မ ကိစ္စ ရှိသေးလို့ ခွင့်ပြုပါအုန်း ဒီဝိုင်းကို တောင်းပန်တဲ့ အနေနဲ့ ရှင်းခဲ့ပါ့မယ်.."

ခဲရောင်ရှိပြီးအဖြူရောင် သန်းနေသော ဂုတ်ထောက်လောက်ရှိတဲ့ ဆံနွယ်မညီတစ်ညီလေးများက သူမကို ဆယ်ကျော်သက်ကောင်မလေး လို့ ထင်မိချင်ထင်မိနိုင်သည်။သူမကလဲ မင်းသမီးရှုံးအောင် လှတာကိုး။

မထူမပါး လိမ်းခြယ်ထားသော မိတ်ကပ်ကလေးများက သူမကို ပိုမို ထင်ရှားစေသည်။ပါးအထက်မှာ လွှင့်ပါးနေသော ဆံနွယ်များကို သူမ သက်တင်ရင်း ကားရှိရာနေရာကို အေးအေးဆေးဆေး လျှောက်လာလိုက်တော့ ပုရိသ အပေါင်းရဲ့ မျက်လုံးများကို သူမက ဖမ်းစားထားသည်။

"အဆင်ပြေခဲ့လား အစ်မ ဆူလ်ဇီ"

"အင်း ကျွန်မ အဆင်ပြေခဲ့တယ် စာချုပ်ကိုလဲ သူလက်မှတ်ထိုးခဲ့တယ် တော်သေးတယ် စာချုပ် ကိစ္စ တစ်ခွန်းမှ မပြောလို့.."

လုပ်ငန်း အဆင်ပြေဖို့ ဘာမဆိုလုပ်တဲ့ လူပေါင်းများစွာထဲ ထိုအမျိုးသမီးလဲ အပါအဝင်ဖြစ်တယ်။လုပ်ငန်း တိုးချဲ့ရေး အတွက် လိုအပ်တဲ့ ဆိုင်ခန်းများကို ငှားစေရန် ထိုအမျိူးသားကို သူမ မြူစွယ်ခဲ့ခြင်းသာ။

လူတွေရဲ့ ခံစားချက်ကို သူမ နားမလည်ဘူး သူမ ဖြစ်ချင်တာကိုပဲ သူမ လုပ်တယ် အဲ့တာ ထိုအမျိုးသမီးရဲ့ စရိုက်ပဲ ။

အန်တီ ဆူလ်ဇီ / အန္တီ ဆူလ္ဇီWhere stories live. Discover now