[အပိုင်း၁၃ u+z]

3.8K 334 15
                                    

Unicode

"ဘာလို့ နောက်ကျနေတာလဲ.."

အိမ်အတွင်းသို့ ဝင်ခိုက် အေးစက်လှသော စကားသံကြီးဟာ လေထုကိုပါ အေးစက်သွားစေသည်။

"ဟို အချိန်ပို ဆင်းနေရလို့.."

မရဲတစ်ရဲ ဖြင့် ဆိုလိုက်လေသည်။

ဒီ တစ်ခါတော့ ညာပရစေ အန်တီ ရယ်..။

"ဆင်ခြင်တွေ ပေးတက်နေပြီပေါ့.."

အန်တီရဲ့ ပိုမို အေးစက်လာသော စကားသံဟာ ပိုး ရဲ့ စိတ်များကိုပါ တုန်လှုပ်စေလေသည်။

ဘာလို့များ ကြောက်နေရသလဲ ကြောက်စရာမှ မလိုတာ ပိုးရယ်..။

ကိုယ့်ကိုကိုယ် သတိပေးပေမဲ့လည်း အန်တီရဲ့ မျက်ဝန်းများကို မစုံရဲ သဖြင့် အောက်သို့ အကြည့်ပေးပို့ထားသည်။

"မေးနေတယ်လေ.."

အဖြေစကား မကြားရသော အခါ ထအော်လိုက်သော အန်တီကြောင့် ပိုး ကိုယ်ခန္ဓာလေးဟာ တုန်တက်သွားလေရဲ့။

"မ..မဟုတ်ပါဘူး အန်တီရယ်.."

"မင်း အလုပ်က ခြောက်နာရီ ဆင်းတာမလား အခု ရှစ်နာရီတောင် ထိုးနေပြီလေ မင်းဘယ်တွေ အလေလိုက်နေသလဲ.."

"အဲ့တာ အန်တီ ကိစ္စ မဟုတ်ပါဘူး!!"

ပိုးရဲ့ မရည်ရွယ်စွာ အော်လိုက်မိသော စကားသံအဆုံး အန်တီ မျက်လုံးများဟာ လှိုင်းငယ်ကလေးများလို ရိုက်ခက်လာလေသည်။

ထို မျက်ဝန်းများဟာ အဓိပ္ပာယ် များစွာ..

"အိုး ဒါတို့ ကိစ္စ မဟုတ်ဘူး လို့ မင်းဘယ်လိုများ ပြောထွက်တာလည်း ညကြီးမိုးချုပ် အပြင်မှာ မိန်းကလေး တစ်ယောက်ထဲ သိပ် အန္တရာယ်များတယ် ဆိုတာ မင်းမသိတာလား.."

အေးတိအေးစက် စကားလုံးများသည် ပိုးကို အသက်ရှူရပ်စေခဲ့လေသည်။

အန်တီဟာ ပိုးကို စိုးရိမ်နေခဲ့တာလား..

"မင်း တစ်ခုခုဖြစ်ရင် တို့ အမှုပတ်မှာဆိုးတယ် နောက်ဆို စောစောပြန်လာ..မင်း ထိခိုက်ရင် တို့ပါ နာမည်ပျက်စေနိုင်တယ်..တို့မှာ တာဝန်ရှိနေတာ ခက်တယ်.."

အန်တီ ဆူလ်ဇီ / အန္တီ ဆူလ္ဇီWhere stories live. Discover now