[အပိုင်း၁၁ u+z]

3.9K 356 20
                                    

Unicode

"ဟူး လောကကြီးကို ပိုးတစ်ယောက်ထဲ ဘယ်လို ရှင်သန်ရပါ့မလဲတောင် မသိတော့ပါဘူး.."

ပြောင်ရှင်းနေသော မျက်နှာကျက်ကို စိတ်လွတ်ကိုယ်လွတ် ငေးကြည့်ရင်း ပိုး စိတ်ဓာတ်ကျစွာ ငြီးငြူခဲ့သည်။

"လောကကြီးကို ဘယ်လိုရှင်သန်ရမယ် ဆိုပြီး ငြီးငြူးနေမဲ့အစား ရှင်သန်နိုင်အောင် ဘယ်လိုကြိုးစားရမလဲ ဆိုတာကို လေ့လာသင်ယူသင့်တယ် ဘယ်သူ့ကိုမှ အားကိုးနေလို့မရဘူး ကိုယ့်ခြေထောက်ပေါ်ကို ကိုယ်ရပ်နိုင်အောင် ကြိုးစားလေ့လာမှ လူဖြစ်မရှုံးမှာ.."

ရင့်ကျက်လှပါသော စကားအသွားအလှများသည် ပိုးရဲ့ ရှုပ်ထွေးနေသော စိတ်ကို ဖြေလျော့သွားစေခဲ့သည်။

အန်တီ ဆူလ်ဇီက သိပ်ရင့်ကျက်တာပဲ ပိုးလဲ အန်တီလို ရင့်ကျက်ချင်မိပါရဲ့..။

"အန်တီ အန်တီ ဟိုမှာ ကြယ်ကလေးတွေ အများကြီးပဲ သွားကြည့်ရအောင်လေနော်.."

ပြတင်းပေါက်မှ တစ်ဆင့် မြင်နေရသော ကြယ်ကလေးများကြောင့် ပိုးစိတ်အားထက်သန်စွာ အလုပ်လုပ်နေသော အန်တီသို့ ပူဆာမိလေသည်။

"တို့ အလုပ်မအားသေးဘူးလေကွယ်.."

အန်တီဟာ ပိုးကို တစ်ချက်မျှပင် မကြည့်ပဲ အလုပ်ကိုသာ အာရုံအလုံးစုံ ပေးပို့ထားလေရဲ့။

ဒီ အန်တီကို မကျေနပ်မိပါဘူးလေ..

"အန်တီကလည်း အလုပ်ကပြန်လာကတည်းက ဒီဟာတွေချည်း နေ့တိုင်းထိုင်လုပ်နေတာ မနက်ကျ လုပ်လဲရတာပဲလေနော် အခုတော့ ကြယ်လေးတွေ သွားကြည့်ရအောင်.."

"အလုပ်ကို နေ့ည ရွေ့နေရင် မင်းဟာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး.."

ထိုးဖဲ့လိုက်သော စကားများကြောင့် ပိုးရဲ့ နှုတ်ခမ်းကလေးဟာ အရှေ့သို့ အနည်းငယ် ဆူထွက်လာလေသည်။

"ဟာ အန်တီကလည်း ပိုးက ကြယ်ကလေးတွေကို အန်တီနဲ့ အတူကြည့်ချင်လို့ဟာကို ဒီနေ့ ကြယ်တွေက အများကြီးပဲ အဲ့တာမို့ ဝံရံတာမှာ အတူကြည့်ကြမယ်လေနော်.."

"မင်းဘာသာပဲ သွားကြည့်စမ်းပါကွယ် နားပူအောင် လာမလုပ်စမ်းပါနဲ့ တို့ အလုပ်လုပ်နေတယ်.."

အန်တီ ဆူလ်ဇီ / အန္တီ ဆူလ္ဇီWhere stories live. Discover now