[အပိုင်း၃၁ u+z]

3K 273 28
                                    

Unicode

"ကျွန်မနဲ့အန်တီက ဘာတွေလဲ"

ခေါင်းမှ ရေစက်များကို ခပ်ဖွဖွသုတ်ယူပေးနေသည့် အန်တီ လက်များဟာ ရပ်တန့်သွားသည်ကို သူမ ခံစားမိသည်။

"ဘာလို့ မေးတာလဲ"

အမေးကို အမေးပြန်ပေးသည့် အန်တီကြောင့် သူမ စိတ်တွေ အနည်းငယ် ဟိုက်သွားသည်။

"ကျွန်မကို ချစ်လား"

ကလဲ့စားဟုသည် အတိုင်း ဆိုချင်ဆိုပါ သိချင်တဲ့ အမေးကိုတော့ ရအောင် မေးမိမှာပဲ.. အန်တီဘယ်လောက် လမ်းကြောင်းလွှဲလွှဲပေါ့။

"မပြောတတ်ဘူး"

မပြတ်မသား အဖြေဟာ သူမ ကို မရိုးမယွ ဖြစ်စေလှသည်။

"အန်တီ ကျွန်မကို အပျော်ကြံနေတာလား.."

ထိုအခါတွင် ခေါင်းသုတ်ပေးနေသည့် အန်တီ လက်များဟာ ရပ်သွားယုံတင်မက ပုခုံးထပ်သို့ လာရောက် တင်ခိုနေသည်။

"တို့တော့ အဲ့လိုမျိူး တစ်ခါမှ မတွေးခဲ့ဖူးဘူး"

စိတ်မောစွာ သူမ သက်ပြင်းချလိုက်သည်။

ဘယ့်နှယ် စကားလမ်းကြောင်းမှ အန်တီချည်း အနိုင်ယူနေရတယ်လို့။

"တို့က မိန်းမနှစ်ယောက် ချစ်ကြိုက်တဲ့အချစ်ကို သိပ်မုန်း၊သိပ်ရွံတာ.."

ပိုးအလန့်တကြား အနောက်ကို ဇက်ကနဲ လှည့်ကြည့်တော့ ပြိုလဲနေသည့် မျက်ဝန်းထွေထွေများ။

"ဘာ.. ဘာလို့"

ဝေ့တက်လာသော မျက်ရည်များဟာ ထင်ရှားစွာ ဖြစ်တည်လာသည်။

ပြီးတော့ အပြုံး.. ကွေ့ညွန့်ယုံလောက်သာရှိတဲ့ အပြုံး အဲ့အပြုံးတွေက ပျော်ရွှင်မှုဖွယ် ရှာမတွေ့ခဲ့။

"တို့ အမေက အဲ့လို လူတစ်ယောက် ဖြစ်နေခဲ့လို့လေ.."

ပိုး ပြန်နှစ်သိမ့်စရာ စကားများမဲ့သွားသည်။

အန်တီ၏ မျက်နှာသည် သိပ်ကို ရင့်ကျက် သန်မာလွန်းလှသည်၊ငိုသာငိုနေပေမဲ့ မျက်နှာဟာ တစ်ချက်မဲ့မသွား.. သို့ပေမဲ့ အမြဲလိုလို ငိုတဲ့အခါ နီရဲသွားတဲ့ မျက်လုံးနှင့်နှာခေါင်းလုံးလေးဟာ ခရမ်းချဥ်သီးလေးအလား။

အန်တီ ဆူလ်ဇီ / အန္တီ ဆူလ္ဇီWhere stories live. Discover now