[အပိုင်း၃ u+z]

5.2K 392 4
                                    

Unicode

[စတင် ခင်မင်ခြင်း]

တစ်တော့ တစ်တော့ နှင့် မြည်နေသော နာရီသံများက ဆူလ်ဇီနားကို ခါးစေပါရဲ့။နာရီ လက်တံများသာ ပြောင်းလဲသွားခဲ့ပေမဲ့ မောင် တစ်ယောက်ဟာ အိမ်ကို ပြန်မလာသေးဘူးကွယ်။

အဲ့ မိန်းမ ဆီကိုပဲ မောင်သွားနေသလား။

နွံထဲ ဆွဲသွင်းနေတဲ့ အတွေးများဟာလဲ ခေါင်းထဲမှာ ယစ်ဝဲလာပါရဲ့။နှလုံးသားဟာလဲ မီးပုံထဲ ထိုးသွင်းထားသလို ပူလောင်းလွန်းနေခဲ့တယ်။

ဆူလ်ဇီ ဒီခံစားချက်ကြီးကို မကြိုက်ဘူး၊ မကြိုက်ဘူး မောင်ရယ်။

"ဆူလ်ဇီ"

မောင် အမြဲစွတ်နေကျ စံပယ်အနံ့လေးထဲမှာ နှင်းဆီ အနံ့များဟာ ရောနှောရစ်မူးဖွယ်ရာ သိပ်ကောင်းလွန်းနေသတဲ့။မောင့်ဆီက ထွက်လာတဲ့ သင်းရနံ့မွှေးမွှေးကလေးဟာ ဆူလ်ဇီ နှလုံးသားကို အပ်ပေါက်နဲ့ ထိုးစိုက်လိုက်သလိုပဲ မောင်ရယ်။

"မောင် ဘာလို့ နောက်ကျနေတာလဲ"

မောင် ဝတ်ဆင်ထားတဲ့ အကျီကလေးကို သူမ ချွတ်လိုက်တော့ လည်ပင်းက နှုတ်ခမ်းနီများဟာ ဆူလ်ဇီကို ပျက်ရယ်ပြုနေသလို။
 
ဆူလ်ဇီ အမေးကို မောင်ဟာ မလုံမလဲ ဖြစ်နေဟန် ပေါ်နေသတဲ့။

"ဟို မောင် ဂျူတီ ရှိလို့ပါ"

ထပ်ပြီးတော့လား မောင်ရယ်။ မမောပန်းနိုင်သေးဘူးလား မပင်ပန်းသေးဘူးလား။ဘာလို့များ အလိမ်အညာတွေကို ထပ်ခါထပ်ခါ ပြောနေရသလဲ။ပွင့်လင်းလိုက်စမ်းပါတော့ မောင်ရယ်။

"တကယ်လား မောင်"

မောင့်ရဲ့ မျက်လုံးစူးစူးကလေးများကို ဆူလ်ဇီ စိုက်ကြည့်ရင်း မေးတော့ မောင်ဟာ အကြည့်တွေကို ရှောင်ဖယ် လျှက်။

"တ တကယ်ပါ"

စကားတွေပါ ထစ်နေပါသလား။မောင်ဟာ အလိမ် မတော် လိုက်တာကွယ်။

"အင်းပါလေ ညစာ စားကြရအောင် မောင်"

"ဟင့်အင်း မောင် စားခဲ့ပြီးပြီ ဆူလ်ဇီ"

သေချာပေါက် မောင်တို့ အတူစားခဲ့ကြတာပေါ့လေ။မောင်ဟာလေ ဆူလ်ဇီကို အမြဲလစ်လျှူရှုတယ်။အဲ့ မိန်းမ မပေါ်လာခင်က မောင်ကို ပြန်လိုချင်လိုက်တာကွယ်။

အန်တီ ဆူလ်ဇီ / အန္တီ ဆူလ္ဇီWhere stories live. Discover now