[အပိုင်း၁၄ u+z]

3.7K 339 6
                                    

Unicode

"ဟင် ပိုး ပိုးထပါအုန်း ပိုး တို့ခေါ်နေတယ်လေ!!"

မွေ့ယာထက် ပေါ်သို့ မေ့မြောနေသော ပိုးရဲ့ ကိုယ်ခန္ဓာ ကို ဆူလ်ဇီ ပွေ့ချီရင်း စိုးရိမ်စွာဖြင့် အာခေါင်ခြစ် အော်နေခဲ့သော်လည်း တိတ်ဆိတ်မှုမှအပါး ဘာအသံမှ မကြားခဲ့ပေ။

"ကိုယ်တွေ အရမ်းပူနေပါလား မဖြစ်ပါဘူး ဆေးခန်းသွားရမယ်.."

ပိုးဟာ ပိန်ပါးလှသည်မို့ ဆူလ်ဇီအလွယ်တစ်ကူပင် ပွေ့ချီနိုင်ခဲ့သည်။

ခေါင်းနှင့် ခြေထောက်ကို မချီလိုက်ရင်း ကားဆီကို အမြန်ခေါ်သွားသည်။

ဆူလ်ဇီရင်ထဲတွင် အပြစ်သား တစ်ယောက်လိုပင် ခံစားနေရတော့တာ အမှန်ပင် ဖြစ်သည်။

"ငါမသွားခဲ့သင့်တာ ကျစ်.."

တစ်ဟုန်ထိုးသော အရှိန်ဖြင့် ဆေးရုံဆီသို့ အမြန်ကူတည်သွားလေသည်။

စိတ်ထဲမှာတော့ စိတ်ညစ်မှုများ တစ်ပုံတစ်ခေါင်း ထိုးတက်လို့နေသည်။

"မင်းကသိပ်ဆိုးတယ်နော် တို့ကို စိတ်ပူရအောင် လုပ်ပြန်တယ်.."

X

"အာ့ ခေါင်းမူးလိုက်တာ.."

ဝေဝါးလာသော မျက်လုံးများဟာ ဗလာအကျင်း ဖြစ်နေသော မျက်နှာကျက်ဆီသို့ ဦးတည်နေသည်။

"နိုးပြီလား.."

"အား!!"

ထိုးကိုက်နေသော ခေါင်းကိုဖိရင်း ဘေးမှ ထွက်လာသော အန်တီ အသံကြောင့် ပိုး အလန့်တကြားပင် ထအော်မိလေသည်။

"ဘာဖြစ်တာတုန်း အရမ်းလဲလန့်မနေနဲ့ သေချာပြန်အိပ်.."

ကုတင်မှ ပြုတ်ကျလုဆဲဖြစ်နေသော ကိုယ်ခန္ဓာ လေးကို အန်တီဟာ သေသေချာချာ နေရာတစ်ကျ ပြန်ထားပေးသည်။

အခြေအနေကြီးက သိပ်ထူးဆန်းလှသည်။

"ပိုးဆေးရုံရောက်နေတာလားဟင်.."

မေ့မြောနေကတည်းက ရနေသော ဆေးအနံ့တွေကြောင့် ပိုး မေးခွန်းထုပ်လိုက်လေရဲ့။

"အင်း မင်းကြောင့် တို့ဘယ်လောက် အလုပ်ရှုပ်သွားရသလဲ မင်းသိလား တစ်ကယ်ပါပဲ မင်းဟာ သိပ်အားနည်းလွန်းတယ်.."

အန်တီ ဆူလ်ဇီ / အန္တီ ဆူလ္ဇီWhere stories live. Discover now