[အပိုင်း၁၅ u+z]

3.9K 334 9
                                    

Unicode

"အန်တီ နိုးပြီလား ပိုး မနက်စာပြင်ထားတယ်.."

အပေါ်မှ အလောတကြီး ဆင်းလာသော အန်တီသည် မြန်မာ ဝတ်စုံ အနီရင့်ရင့်ကလေးဖြင့် သိပ်ကိုနန်းဆန်လှသည်။

"တို့ မစားတော့ဘူး.."

"အန်တီ ပိုးကို ရှောင်နေတာလား.."

သေးသွယ်လှသော အန်တီရဲ့ လက်မောင်းလေးကို ဆွဲယူရင်း ရင်တွင်း၌ပူလောင်မှုကို လစ်လျှူရှူကာမေးခဲ့လေရဲ့။

"အိုး ဘာလို့ အဲ့လိုထင်ရတာလဲ.."

"အရင်နေ့တွေကထက် အန်တီက ပိုအေးစက်လာတယ်..အဲ့တာက ပိုးကို နာကျင်စေတာ အန်တီ သိရဲ့လား.."

ရှုန်းကန်နေသော အန်တီ လက်လိုပင် ပိုး၏ နှလုံးသားဟာလည်း ရှုန်းကန်းရင်းဖြင့် ပြတ်လုမဆဲ နာကျင်လွန်းလှပေသည်။

"တို့ကိုလွှတ်တော့"

"ကျွန်မ ကို ဆက်ပြီး မနှိပ်စက်ပါနဲ့တော့လား အန်တီရယ် ၊ အန်တီ ရဲ့ အေးစက်တဲ့ အပြုအမူတွေအောက်မှာ ကျွန်မ နှလုံးသား ကွဲကြေရတော့မယ်"

ရှုန်းကန်နေသော အန်တီကို ပိုး ဆွဲဖက်ရင်း လည်ပင်းသို့ မျက်နှာအပ်ကာ နာနာကျင်ကျင် ပြောခဲ့မိလေသည်။

ပိုး နာကျင်တယ် အန်တီ ၊ ဘက်ဘယ်ရင်အုံ တည့်တည့်က နေရာက အရမ်း နာကျင်နေတယ်။

ဒီနာကျင်မှုကို အန်တီ နားလည်နိုင်ရဲ့လား။

"ဒါတွေ တို့ မသိချင်ဘူး ၊ ပြီးတော့ ဒါတွေက တို့ ခံစားနေရတာမှမဟုတ်တာ."

အကြင်နာကင်းမဲ့သော စကားများဟာ ပိုး၏ နှလုံးသားဆီသို့ ဓါးအသွား ပေါင်းများစွာ စိုက်ဝင်သွားသလိုပင် တစ်နှုတ်နှုတ်ဖြင့် နာကျင်လွန်းလှသည်။

အန်တီ က တစ်ကယ့်ကို ခံစားချက် မရှိတာလား ၊ ပိုးကို နည်းနည်းလေးလောက်တောင် သနားပေးလို့မရနိုင်ဘူးလား။

"အန်တီရယ်...ပိုး ခံစားနေရတာတွေကို ငဲ့ညာပေးပါအုန်း"

တိုးလျစွာသော တိုးဖျော့ဖျော့ အသံလေးသည် သခင် တစ်ယောက်ကို အကောင်ငယ် တစ်ကောင်ဟာ တောင်းဆိုနေဟန် လေယူလေသိမ်း ရှိခဲ့လေသည်။

အန်တီ ဆူလ်ဇီ / အန္တီ ဆူလ္ဇီWhere stories live. Discover now