[အပိုင်း၂၄ u+z]

3.2K 271 0
                                    

Unicode

ပွင့်ဟလာသည့် မျက်လုံးများနှင့်အတူ အရင်ဆုံး ရလိုက်သည်မှာ ဆေးအနံ့များပင်..

မျက်လုံးဖွင့်ဖွင့်ချင်း ဝေဝါးလာသော ပုံရိပ်များကြောင့် မျက်လုံးများဟာ စူးကနဲ... အလိုလို ပြန်ပိတ်မိသွားတော့သည်။

ခေါင်းမူးလိုက်တာ ဘာတွေဖြစ်နေတာလဲ။

နားထဲအလိုလို ဝင်ရောက်နေသည့် ဘေးမှစကားသံများဟာ မကြားတစ်ချက်ကြားတစ်ချက်။

သေချာသည်ကတော့ ထိုအသံဟာ အန်တီ၏အသံ။

ပိုး မျက်ခုံးများ အလိုလို တွန့်ချိုးသွားသည်။

အန်တီ၏ အသံဟာ တစ်စုံတစ်ရာကို စိုးရိမ်နေဟန်ရှိသည်..တစ်ခါမှ မကြားဖူးသည့် အသံ။

"နိုးလာပြီလား..မင်း အဆင်ပြေရဲ့လား"

မူးဝေနေသော မျက်လုံးများကို ဖွင့်ရင်း အဓိပ္ပာယ် ပါသော အပြုံးတစ်ခု ပြုံးလိုက်ရင်း..

"ပိုး အဆင်ပြေပါတယ်"

အန်တီ၏ မျက်ဝန်းများဟာ အရည်လဲ့လဲ့ကလေးများ စွတ်ဖက်နေသည်မှာ မီးအလင်းရောင်သဲ့သဲ့ကလေးကြောင့် မြင်လိုက်ရလေသည်။

အန်တီ ငိုထားသည်လား။

ရင်ထဲ၌ စိုးရိမ်မှုနှင့် ပျော်ရွှင်မှုဟာ ထောင်းကနဲ မြင့်တက်လာသည်..ထို ခံစားမှုများကြောင့် ရင်ထဲတွင် ပူလောင်ရပြန်လေတယ်။

"မင်းကွယ် ဘာလို့များ တို့ကို မပြောရသလဲ"

"ဘာကိုလဲ အန်တီရဲ့"

ပိုး ထဟန်ပြင်တော့ အန်တီဟာ ပိုးကျောပြင်ကို လက်တစ်ဖက်ဖြင့် သိုင်းဖက်ရင်း ခေါင်းအုံးခုပေးကာ ထိုင်လို့ကောင်းအောင် ပြင်ပေးသည်။

"မင်းက ငယ်ငယ်ကတည်းက မွေးရာပါ နှလုံးရောဂါအခံ ရှိတယ်ဆို.."

ပိုး မျက်ခုံးများဟာ ပင့်တက်သွားသည်။

အန်တီ ဘယ်လိုသိတာလဲ..အိုး ဟုတ်သားပဲ အခုရောက်နေတာက ဆေးရုံမှာလေ ပိုးဟာ သိပ်တုံးတာပဲ။

"အန်တီလဲ မမေးခဲ့ဘူးလေ"

"ဟော်တော် တို့က မင်းကို တစ်ခုချင်း လိုက်မေးရမဲ့ ပုံတော့ ပေါက်နေပြီ"

အန်တီ ဆူလ်ဇီ / အန္တီ ဆူလ္ဇီWhere stories live. Discover now