[အပိုင်း၂၃ u+z]

3.2K 254 2
                                    

Unicode

"ကောင်မလေး တစ်ယောက်တော့ ကြယ် အကူအညီ လိုနေပြီ ထင်တယ်.."

ဆိုင်အဝင်အဝတွင် ဒူးပေါ် ခေါင်းတင်၍ ထိုင်နေသော ပိုး၏ ပုခုံးကို ပုတ်ရင်း ကြယ်ပါ ထိုင်ချလိုက်၏။

"ကြယ် ကယ်ပါအုန်း.."

ရုပ်ကလေး ဆူပုတ်ပုတ်ဖြင့် ကြယ် ကို ရုတ်တရက်လာဖက်သည်မို့ ဒီလူရင်တွင် ဘုရားတသွားရတော့သည်။

"ဘာဖြစ်လို့လဲ ပိုးရဲ့.."

ရင်ခုန်သံတွေကို ခေါက်သိမ်းရင်း ချစ်သောသူကို မေးခွန်းထုပ်ခဲ့သည်။

"အန်တီလေ.."

ကြယ် ပုခုံးထက်မှ ထွက်လာသော အန်တီ ဆိုတဲ့ လေသံတိုးညှင်းညှင်းလေးသည် ကြယ်၏ နှလုံးခုန်မှုများ အောင့်တက်လာဖို့ လုံလောက်ပါရဲ့။

ဘာရယ် ကြောင့်မှန်းမသိသော်လည်း ဒီနာကျင်မှုမျိုးကို ကြယ် နှစ်သက်တယ်..သေချာတာကတော့ နာကျင်မှုတွေပေးတဲ့သူက ကြယ် သိပ်မြတ်နိုးရတဲ့ နေကြာကလေး ဖြစ်နေလို့ ထင်ပါရဲ့။

"အန်တီလေ..ကြယ်ကို စကား ကောင်းကောင်း မပြောဘူးသိလား.."

ရင်ခွင်မှာ ထွက်စဥ် လစ်ဟာသွားသော အနွေးဓာတ်ကလေးဟာ သိသာစွာဖြင့်။

"ပိုးရဲ့လူက ဘာဖြစ်လို့ ကောင်းကောင်းမပြောတာလဲ.."

နေကြာပန်းကလေးတွေက ရှက်ရင်လဲ ချစ်ဖို့သိပ်ကောင်းတာ အခုမှ ကိုယ်တွေ့ကြုံဖူးတော့လေသည်။

ကြည့်ရတာ..ပိုးရဲ့လူ ဆိုတဲ့ နာမ်စားကြောင့် ရှက်သွားတယ် ထင်ပါရဲ့။

"ပိုးလဲ မသိတော့ပါဘူး အဲ့ဒီလွန်ခဲ့တဲ့ နှစ်ရက်နေ့က ပုခုံးဖက်ပြီး ပေါင်းလာတဲ့ သူငယ်ချင်းတစ်ယောက်နဲ့တွေ့လို့ ငယ်ငယ်ကအကြောင်းတွေ ပြန်ပြောနေရင်း အန်တီရှိနေတာကို ခဏမေ့သွားခဲ့တယ် အိမ်ပြန်ရောက်တော့ သူငယ်ချင်းအကြောင်းတွေမေးရင်းနဲ့ ဘာဖြစ်သွားလဲမသိဘူး အဲ့နေ့ကစပြီး အခုချိန်ထိ စကား ကို ကောင်းကောင်း မပြောတော့တာ"

"ပိုးသူငယ်ချင်းက မိန်းကလေးပဲလား"

ပိုးဟာ ခေါင်းကို ဆက်ကနဲ ခါပြသည်။

အန်တီ ဆူလ်ဇီ / အန္တီ ဆူလ္ဇီWhere stories live. Discover now