[ဇာတ်သိမ်း u+z]

7.8K 312 73
                                    

Unicode

"အထဲ တစ်ယောက် ဝင်လို့ရပါတယ်"

နှစ်ယောက်စလုံး ပြိုင်တူ ယှဥ်ရပ်မိသည် ၊ ကြယ်ထိပ်ထားကို သူမ ကြည့်မိတော့ စူးရှလွန်းတဲ့ တုန့်ပြန်မျက်ဝန်းတွေကြောင့် သူမ တွေဝေစွာ ခုံမှာ ပြန်လည် ထိုင်လိုက်သည်။

"မင်း အရင်သွားပါ"

ပြန်စကားမကြားရပဲ အခန်းထဲ ဝင်သွားသော တံခါးပိတ်သံကြောင့် ဆူလ်ဇီ အကြောင်းပြချက်မဲ့စွာ ဝေသနာတစ်လပွပိုက်ထားသော လူများကို ငေးနေမိသည်။

တောင်းပန်စွာဖြင့် ခုန်မြည်နေသော ရင်ခုန်သံများဟာ တစ်ချက်တစ်ချက် အခုန်လွန်လို့။

တောင်းပန်ပါတယ် ကလေးငယ်ရယ်။

မရည်ရွယ်ပဲ မှားမိတဲ့ အမှားတွေ ထပ် ရည်ရွယ်ပြီး မှားခဲ့တဲ့ အမှားတွေကြောင့် ပိုလို့တောင် အားနာရပါတယ်ကွယ်။

တို့သာ မင်းရှေ့ ပေါ်မလာခဲ့ရင် အရာအားလုံး အကောင်းဖက်ကိုပဲ ဦးတည်နေမှာ သေချာပါတယ်ကွယ်..။

"ပိုး.. ပိုးရယ်"

အောက်စီဂျင် အကူအညီဖြင့် အသက်ငင်ရှူနေရသော ပိုးကိုကြည့်ရင်း ကြယ် ရင်ထဲက အစိတ်အပိုင်းများ အားလုံး ခွဲထွက်သွားသလိုပါပဲ။

ဒီလောက်ထိ ဖြစ်နေတဲ့ ကြားထဲမှ ခပ်ယဲ့ယဲ့ ပြုံးနေတဲ့ ဒီကောင်မလေးဟာလေ သိပ်ကို သန်မာလွန်းတယ်။

"ပိုး ဘာလို့မပြောခဲ့တာလဲ ဟမ် ဒီသတင်းကြားမိတော့ ကြယ်မှာ ဘယ်လောက်တောင် စိတ်ပူလိုက်ရလဲ ပိုး သိရဲ့လား သိရဲ့လားလို့ ၊ ကြယ်.. ကြယ် တစ်ကယ့်ကိုတောင်းပန်ပါတယ် ကြယ်လေ ကြယ် သိခဲ့သင့်တာ ကြယ် သိပ်ကို တုံးအလွန်းခဲ့တယ်"

ဆေးပိုက်များ ချိတ်ဆွဲနေသည့် လက်ကလေးများဟာ ကြယ်၏ လက်များကို အသာအယာ ထပ်တင်လိုက်သည်။

ပြီးသည်နှင့် အောက်စီဂျင်အုပ်ထားသည့်မှ အကြား။

"အမှား.. မဟုတ်ဘူး"

အောက်စီဂျင်စွပ် အနားသို့ ကပ်နားထောင်မိတော့ ထွက်လာတဲ့ မောဟိုက်သံကလေးကြောင့် ကြယ် မျက်ရည်များကြားတွင် ပြုံးမိသွားသည်။

အန်တီ ဆူလ်ဇီ / အန္တီ ဆူလ္ဇီWhere stories live. Discover now