[အပိုင်း၁၂ u+z]

3.8K 357 16
                                    

Unicode

"အိုး တွေ့ရတာဝမ်းသာပါတယ်ရှင့်.."

မူပိုင်ဖြစ်လှသော အပြုံးကလေးဟာ ပြုံးဖို့တောင် ခဲယဥ်းလွန်းလေသတဲ့။

ပြုံးတယ် ဆိုတာက ပိုး အတွက် လွယ်ကူလွန်းလှသည် ၊ လုပ်လေ့လုပ်ထရှိတဲ့ ဟန်ဆောင်တတ်သော မျက်နှာဖုံးတစ်ခုလိုပင်။

"တွေ့ရတာ ဝမ်းသာပါတယ်ကွယ် ဒါနဲ့ ဒီက ညီမက?"

"ကျွန်မက.."

"သူက အိမ်မှာခိုင်းဖို့ခေါ်ထားတာ အကိုရဲ့.."

အန်တီ စကားဟာ သူမ လျှာဖျားမှ စကားလုံးများဟာ တုံးတိပိတ်စို့သွားစေသည်။

နှုတ်မှ ထွက်လာသော စကားသံလေးဟာ ကြင်ကြင်နာနာ ရှိနေပေမဲ့လည်း စကားလုံးများဟာ သူမ နှလုံးသားဆီသို့ မြားတွေ အသွင်သွင် ထိုးစိုက်နေလော့ပါလား။

အော် ပိုးဟာ အန်တီအတွက် အဲ့သည်လောက်ပဲ အဆင့်ရှိခဲ့သည်ကိုး။

"အော် အင်းပါ ဒါနဲ့ ဆူလ်ဇီ ကိုယ်တို့ အပြင်သွားရအောင်လေ.."

နိမ်ချသော အကြည့်များဟာ ပိုး ရဲ့ စိတ်များစွာကို သိမ်ငယ် စေလှသည်။

မသိမ်ငယ်ရအောင်လည်း ပိုးမှာ အဆင့်မှမရှိလေပဲ။

"သွားတာပေါ့ ဆူလ်ဇီ အဝတ်အစားသွားလဲလိုက်အုန်းမယ်နော်.."

ပိုးကို တစ်ချက်မျှသာ ကြည့်သွားသော အန်တီရဲ့ အကြည့်များဟာ အဓိပ္ပာယ် များစွာဖြင့်။

ထို အဓိပ္ပာယ် များဟာ ပိုး နားလည်ဖို့ ခဲယဥ်းလေသလား။

"ကလေးမ ဆူလ်ဇီမနေ့က ခေါင်းမူးနေတာ သေချာရဲ့လား.."

အန်တီ ထွက်သွားတာနဲ့ လေသံပြောင်းသွားသော ဦးလေးကြီးဟာ သိုးရေခြုံထားသော ကျားတစ်ကောင်လိုပင်။

ဟန်ဆောင်သိပ်ကောင်းလေရော့ပါလား။

"ဟုတ် သေချာပါတယ်.."

"လိမ်စရာမလိုဘူးနော်..."

သံသယာဖြစ်နေသော မျက်လုံးများဟာ ပိုးရဲ့ မျက်လုံးများဆီသို့ စူးစိုက်ကြည့်လာလေသည်။

"ကျွန်မကလဲ ဘာအကြောင်းကြောင့် လိမ်ရမှာလဲ.."

ခပ်တည်တည်ဖြင့် ဆိုလေသော စကားတွင် ထိုဦးလေးဟာ ယုံသွားဟန် ပေါ်သည်။

အန်တီ ဆူလ်ဇီ / အန္တီ ဆူလ္ဇီWhere stories live. Discover now