[အပိုင်း၅ u+z]

5K 406 19
                                    

Unicode

"အန်တီ ဆူလ်ဇီ!!"

ရင်ထဲ တင်းခံနေသမျှ အရာအားလုံးဟာ ပေါ့ပါးသွားသလို ခံစားချက်မျိုး။ထို ခံစားချက်ကလေးဟာ သိပ်ကို နှူးညံ့လှသည်။ရင်ထဲ ပူနေသမျှ မီးများဟာ နှင်း နဲ့တွေ့လို့ ပျော်ဝင်သွားသလိုမျိုး။

ဘာကိုမှ ဂရုမစိုက်တော့ပဲ အန်တီ ဆူလ်ဇီရဲ့ ကိုယ်ခန္ဓာ ပိန်ပိန်ပါးပါးကလေးကို သူမ ဖက်တွယ်လိုက်မိတော့လေသတဲ့။ဒီ အမျိုးသမီး ဆီက ရတဲ့ ရေမွှေးနံ့သင်းသင်းကလေးဟာ သူမ စိတ်အလုံးစုံကို ပြေပျောက်ဖို့ တွန်းအားပေးနေသယောင်။

မထွက်သော မျက်ရည်ပူပူနွေးနွေးကလေးများသည်လည်း အန်တီ ဆူလ်ဇီ ရင်ခွင်ထဲရောက်မှသာ ထွက်လာတော့လေတယ်။ငိုဖို့အတွက် ရင်ခွင်မရှိတဲ့ အချိန်ကာလတွေဟာ သိပ်ကို ကြာမြင့်လွန်းတယ် ထင်ပါရဲ့လေ။

"မင်း..မင်း ဘာလို့ ငိုနေတာလဲ"

အန်တီ ဆူလ်ဇီ မေးခွန်းကို မဖြေနိုင်လောက်တဲ့အထိ သူမ ရှိုက်ကာငိုယိုနေခဲ့မိသည်။ရင်ထဲ အရမ်း နာကျင်လွန်းတယ် ထိုနာကျင်မှုကို သူမ ဖြေလျော့ချင်တယ်။

အရာအားလုံးကို မေ့ပြီး ငိုပလိုက်ချင်စမ်းပါရဲ့။

"တောင်းပန်ပါတယ် ပိုး အသိစိတ်လွတ်သွားလို့.."

သတိရလာနှင့်အမျှ အန်တီ ရင်ခွင်ထဲကနေ သူမ အမြန် ထွက်လိုက်တော့လေတယ်။သူမရဲ့ ဒီလိုပုံစံမျိုးကို ဘယ်သူ့ကိုမှ ပေး မမြင်စေချင်မိဘူး။ဝမ်းနည်းနေတဲ့ ပုံက အရှုံးသမားလို့ ထင်ကောင်းရင် ထင်နိုင်ပါဘိ။

ပါးပြင်ပေါ် စိုရွှဲလှသော မျက်ရည်ပူများကို လက်ဖမိုးဖြင့် အသာပွတ်ယူပစ်လိုက်သည်။မူပိုင်ဖြစ်လှသော မပီတပီ အပြုံးတုကလေးဖြင့် မှိုင်တွေကြည့်နေတဲ့ အန်တီကို ပြုံးပြလိုက်မိတော့လေသည်။

အိုး အသိစိတ်တွေဟာကလဲလေ လွတ်သွားရတယ်လို့။

"မင်း မျက်ရည်တွေကို ဖုံးကွယ်ထားစရာမလိုပါဘူး ငိုချင်တဲ့အခါ ငိုချပစ် မင်းစိတ်ကို ဖုံးကွယ်ထားပြီး ဒဏ်ရာတွေမပေးစမ်းပါနဲ့ကွယ် မင်း ငိုချပစ်လိုက်ရင်တော့ အကျိုးမယုတ်ပါဘူးလေကွယ် တို့ ပြောတာ ဟုတ်ပါတယ်လေနော်.."

အန်တီ ဆူလ်ဇီ / အန္တီ ဆူလ္ဇီWhere stories live. Discover now