[အပိုင်း၄ u+z]

5K 416 4
                                    

Unicode

"ကျွန်မ သွားတော့မယ်နော် ဟီး မနက်ဖြန်မှ တွေ့မယ်.."

ဆူလ်ဇီရဲ့ မျက်နှာကို တစ်နေရာ မကျန် ကြည့်လိုက်ပြီးသည်နှင့် အိမ်ထဲကို အမြန်ပြေးဝင်လာလိုက်သည်။

"ရူးနေပြီပဲ ရူးနေပြီ၊တကယ့်ကို ရူးသွားပြီ"

တုန်လှုပ်နေသော နှလုံးအစုံကြောင့် သူမ အကျီကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း ရေရွတ်လိုက်လေသည်။

ပြေးလို့များ ရင်တွေ ဒီလောက် ခုန်နေရသလား။

အိမ်ထဲ ဝေ့ကြည့်လိုက်လေတော့ မည်သူ့ အရိပ်အယောင်မှ မတွေ့ရသဖြင့် သူမ စိတ်ထဲ နေပျော်သွားလေသည်။

"တော်ပါသေးရဲ့ ဘယ်သူ့မှ မရှိကြလို့"

တံခါးကို သေချာစွာပိတ်ရင်း အခန်းထဲကို ပြန်ဝင်လာလိုက်သည်။

စားပွဲခုံပေါ်တွင် တင်ထားတဲ့ ဆွဲလက်စ ပန်ချီအရွက်ကလေးကို ဆွဲယူရင်း အိပ်ယာပေါ် လှဲချလိုက်လေသည်။

"အဲ့ အန်တီကြီးကို ဘာလို့များ စကားသွားပြောခဲ့ မိတာပါလိမ့်"

ကျန်းမာရေး အတွက် ပြေးဖို့ လုပ်နေရင်း ရှေ့အိမ်ကနေ သူမကို ကြည့်နေတဲ့ အန်တီကြီးကြောင့် သူမလဲ ပြန်ကြည့်မိလိုက်တော့ ရင်းနှီးနေသော မျက်လုံးများရယ်ပါ။အဲ့ မျက်ဝန်းတွေကြောင့် စကားသွားပြောခဲ့မိတယ် ထင်ပါရဲ့။

ဒီ အန်တီ မျက်လုံးတွေက သိပ်ကို တုန်လှုပ်စရာ ကောင်းလွန်းတယ်။

ညနေ ဆည်းဆာရိပ်လို အရောင်သန်းနေသော ခပ်မှိုင်မှိုင်မျက်လုံးတွေရဲ့ အကြည့်များက စူးရှရှ  ပင်လယ်ကြီးလိုပဲ တည်ငြိမ်အေးချမ်းနေလွန်းလေတယ်။

တစ်ချက်မျှ စိုက်ကြည့်လိုက်တာနဲ့ တစ်ဖက်လူကို လှိုင်းထန်စေတာ မသိလေရော့လား။

"လှလိုက်တဲ့ မျက်လုံးတွေ"

ရေးခြစ်ထားသော ပန်ချီကားငယ်လေးကို မြတ်မြတ်နိုးနိုး ကြည့်မိရင်း ပြောလိုက်မိလေသတဲ့။

ကိုယ်တိုင်တောင် မရည်ရွယ်ပဲ လွှတ်ကနဲ ထွက်သွားတာရယ်။

"ဟဲ့ မိပိုး ပိုးတိမ်လွှာ!!"

အန်တီ ဆူလ်ဇီ / အန္တီ ဆူလ္ဇီWhere stories live. Discover now