[အပိုင်း၂၅ u+z]

3.2K 297 8
                                    

Unicode

"ကျွန်မ ပြောစရာရှိတယ် အဘိုး"

ဆိုဖာ ထိုင်ခုံတွင် ခြေချိတ်ထိုင်ရင်း..ဆူလ်ဇီ မျက်လုံးများဟာ အကြောက်တရားကင်းမဲ့စွာ။

"ပြော"

ခြောက်ကပ်ကပ် စကားသံအဆုံး ဆူလ်ဇီဟာ သက်ပြင်းချရင်း ပြောဖို့ဟန်ပြင်လေသတဲ့။

"ကျွန်မ ဒါတွေကို ဆက်မလုပ်နိုင်တော့ဘူး"

ရင်ထဲလေးပင်နေသည့် အရာကို ထုပ်ပြောလိုက်သည့် တစ်ပြိုင်နက် ဝန်ထုပ်ဝန်ပိုး တစ်ခု လျော့ကျသွားသလို ခံစားစေရသည်။

အဘိုးဟာ ခြောက်ကပ်ကပ်ရီသည်။

ထိုရီသံများဟာ ဆူလ်ဇီ နှင့် တစ်ပုံတည်းပင်။

"ချစ်မိသွားတယ်ပေါ့"

ဆူလ်ဇီ စိတ်ကို သိနေသည့်အလား အဘိုးစကားကြောင့် တုပ်လှုပ်သွားမိတာ အမှန်။

"ဟင့်အင်း အဲ့လို မဟုတ်ဘူး"

"ငါက နင့်အဘိုးပါ ဆူလ်ဇီ ရယ် နင်ညာချင်တယ်ဆိုရင် အခြားလူကိုပဲ သွားညာစမ်းပါ သွေးသားရင်းရှာဖြစ်တဲ့ ငါ့ကိုတော့ လာမညာနဲ့"

အေးအေးလူလူ ရေနွေးကြမ်းသောက်သည်နှင့် လည်ချောင်းဝတွင်း ပူလောင်သွားသည့် အပူဟာ ရင်တွင်းအပူထက် ပို၍မပြင်းနိုင်။

"ကျွန်မ ချစ်မိသွားရင်တောင် အဘိုးက ဘာလုပ်နိုင်မှာမလို့လဲ"

ပေစောင်းစောင်း စကားသံကြောင့် အဘိုးဟာ ဒေါသအနည်းငယ် ထွက်သွားဟန် ရှိပေမဲ့ ခဏတာအတွင်း မျက်နှာဟာ ပြောင်းလဲသွားသည်။

ဆူလ်ဇီ ဝန်မခံချင်ပေမဲ့ သူမဟာ အဘိုးနှင့် သိပ်တူလှသည်။

"အချစ်..အချစ် ဒီ အချစ်က ဘာသုံးစားလို့ရလို့လဲ အချစ်ဆိုတဲ့ အရာက ပျက်စီးစေတဲ့အရာပဲ သိရဲ့လား အချစ်က လူတွေကို အသိဥာဏ်မဲ့အောင်လုပ်နိုင်တယ် နင်လဲ အခု အသိဥာဏ်ကော ရှိသေးရဲ့လား သူက နင့်အမေကို သတ်ခဲ့တာလေ"

အဘိုးဒေါသကြီးစွာဖြင့် ပေါက်ကွဲသံအဆုံး ဆူလ်ဇီ မျက်ခုံးနှစ်ဖက်ဟာ တွန့်ချိုးသွားခဲ့လေရဲ့။

"ဒါတွေ အားလုံးက အဘိုးအမှားတွေလေ အဘိုးသာ အဖေနဲ့အမေကို အတင်းမပေးစားခဲ့ရင် ဒီလိုတွေက ဖြစ်လာမှာ မဟုတ်ဘူး"

အန်တီ ဆူလ်ဇီ / အန္တီ ဆူလ္ဇီWhere stories live. Discover now