[အပိုင်း၃၃ u+z]

3.4K 302 23
                                    

Unicode

"ပိုး.. ပိုးတိမ်လွှာ"

တုန်လှုပ်ခြောက်ခြားစွာ ရေရွတ်မိတော့ အစိမ်းသပ်သပ်မျက်လုံးများဖြင့် စိုက်ကြည့်နေသော တစ်ချိန်က ပျော်ရွှင်ရိပ်များ စွတ်ဖတ်ခဲ့ဖူးတဲ့ မျက်လုံးတွေ။

"လုပ်ရက်လိုက်တာ.."

နှုတ်ခမ်းသားများအား သွေးကျောနီနီပေါ်လွင်နေသည်ထိကို ကိုက်ခဲထားရင်း လက်ကလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ ထွက်ပြေးသွားသော ပိုးတိမ်လွှာကြောင့် ဆူလ်ဇီ စိတ်များဟာ ရှုပ်ထွေးမတတ် ရှုပ်ထွေးသွားခဲ့ရသည်။

သေချာသည်က ရင်တွင်း ဝမ်းနည်းမှု။

"ပိုး နေပါအုန်း!!"

ပြေးလိုက်ရန်ပြင်တော့ အားပါပါဆွဲထားသော လက်။

"သူ သိသွားတော့ ပိုမကောင်းဘူးလား.."

အဘိုးရဲ့ ပြီတိတိ အပြုံးများကြောင့် ဆူလ်ဇီ မနှစ်မြိုစွာ နှုတ်ခမ်းကိုက်မိသည်။

ဒါတွေ အားလုံးက အဘိုး အကြံအစည်တွေကိုး။

"အဘိုး လုပ်ရက်တွေက အရင်လို အောက်တန်းကျနေတုန်းပဲ.."

ဆွဲထားသော လက်များကို အားပါပါခါချလိုက်တော့ နားမလည်နိုင်တဲ့ အကြည့်များ ပါဝင်တဲ့ မျက်ဝန်းတွေ။

"ပိုးတိမ်လွှာရဲ့ အမေ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မျိုး ပိုးလုံးဝ ထပ်မဖြစ်စေရဘူး အဘိုး"

စူးရှလှသော အကြည့်များတွင် အဘိုး၏ စိတ်များတုန်လှုပ်သွားဟန်ဖြင့် အနောက်သို့ အနည်းငယ် တွန့်ဆုပ်သွားခဲ့သည်။

အဘိုးနှင့် ဘာမှဆက်ပြောမနေတော့ပဲ ပိုး အနောက်သို့သာ ဆူလ်ဇီ ပြေးလိုက်လာတော့သည်။

ပိုးကို ထွက်သွားခွင့်မပေးနိုင်၊အထင်လွဲခွင့် မပေးနိုင်။

အရာအားလုံးကို တောင်းပန်ဖို့ နေနေသာသာ ခွင့်လွှတ်စကားချည်းသာ ပြောပြောနေခဲ့မိတဲ့ သူမက အခုတော့ ပိုးတိမ်လွှာ ဆိုတဲ့ ကလေးမကို တောင်းပန်စကား ရေရွတ်နေမိလေရဲ့။

ချစ်မိရင် အရှုံးတဲ့..၊ဒီကလေးမကို သူမ အနိုင်မပေးခဲ့မိတာ လုံးဝကို စက်ဆုပ်စရာ ကောင်းလွန်းလိုက်တာ။

အန်တီ ဆူလ်ဇီ / အန္တီ ဆူလ္ဇီWhere stories live. Discover now