[အပိုင်း၂၂ u+z]

3.7K 334 7
                                    

Unicode

"အန်တီ နားထက်က နှင်းဆီပန်းကလေးတော့ မျက်နှာညှိုးငယ် နေရပြီ ထင်ပါရဲ့ သူ့ကို ပန်ထားတဲ့ ပိုင်ရှင်က နှင်ဆီကလေးထက် ပိုလှနေလို့လေ"

တိတ်ဆိတ်သွားသော အခြေအနေကို ဖြိုခွင်းလိုက်စဥ် ပွင့်အံ့လာသော ရီသံကလေးဟာ နှူးညံ့စွာဖြင့်။

"အိုး မင်းက စကားသိပ်တတ်တာပဲ"

အန်တီ၏ စကားကို ပြန်ဖြေရင် ပြင်လိုက်စဥ်မှာ ပိုး၏ စကားများဟာ လျှာဖျားဝမှာတင် တစ်စို့သွားခဲ့လေသည်မှာ ပိုး၏ စိုးရိမ်မှုများက အချက်ပြနေခဲ့သည်သလား။

"အန်တီ ဘာဖြစ်လို့လဲ အဆင်ပြေရဲ့လားဟင် အန်တီ"

အန်တီရဲ့ လှပသော မျက်နှာကလေးပေါ်တွင် ဒေါသ အမြက်ပါဝင်နေသော မျက်လုံး တစ်စုံဟာ မျက်ရည်များ ခိုတွဲလို့ပင်..ထို မျက်ရည်များဟာ နာကျည်းမှုကို ဖော်ပြနေသယောင်။

ထို မျက်ရည်များနှင့် လှပသော မျက်နှာကလေးဟာ သိပ်ကို မထိရက်မကိုင်ရက် နိုင်စရာ ကောင်းလှသည်။

မကြိုက်ဘူး ၊ မကြိုက်ဘူး.. တန်ဖိုး ရှိလှတဲ့ ရတနာတစ်ခုလို သိပ်မြတ်နိုးစရာကောင်းတဲ့ မျက်ရည်ဥလေးတွေက ညစ်ညမ်းလှတဲ့ မြေပြင်ကို ကျရောက်မှာကို..သဘောမခွေလှဘူး။

"အန်တီ"

ပိုး၏ အေးစက်လှသော လက်အထိအတွေ့ကြောင့် အန်တီဟာ အသိပြန်ဝင်လာဟန် ရှိလေသည်။

အန်တီ မျက်ရည်တွေက ပိုးရဲ့ သွေးကြောတွေကိုပါ အေးစေတာ နွေရာသီတောင် မကယ်နိုင်ပါလား။

ဘာစကားမှ မဆိုလေသော အန်တီ မျက်ဝန်းများ၏ တည်နေရာကို ပိုးကြည့်လိုက်စဥ် ပြိုလဲသွားသော ခြေထောက်များဟာ တုန်လှုပ်နေခဲ့သည်မှာ သိပ်ကို ထင်ရှားလွန်းလှသည်။

တုန်လှုပ်သွားသော ပိုး၏ စိတ်များထဲတွင်မူ ရင်တွင်း ပေါက်ကွဲမှု ဖြစ်သွားသလိုလို ၊ သွေးကြောများဟာ ဆောင့်တက်လာသလိုလို..စိုးရိမ်ရပြန်ရဲ့။

"ဆူလ်ဇီ..ဆူလ်ဇီရယ် ရှာလိုက်ရတာကွာ !!"

ပုဆိုးအညှို ၊ ရှပ်အကျီအဖြူ ဝတ်ဆင်ထားသော ခန့်ညားလှသည့် ထိုအမျိုးသားဟာ အန်တီဆီသို့ အပြေးလာနေသည်မှာ သိပ်လွမ်းနေခဲ့သယောင် ပေါက်နေလေရဲ့။

အန်တီ ဆူလ်ဇီ / အန္တီ ဆူလ္ဇီWhere stories live. Discover now