[အပိုင်း၁၆ u+z]

3.8K 317 13
                                    

Unicode

"မင်း နှလုံးကတော်တော် ဆိုးရွားနေပြီ ဖြစ်နိုင်ရင် နှလုံးကို အနားပေးစေချင်တယ်"

နှာခေါင်းဆီသို့ ခပ်ငြိနေသော ဆေးရုံနံ့များနှင့်အတူ သက်ပြင်းငွေ့လေး တစ်ခုဟာ သိပ်ကို ခြောက်ကပ်လွန်းလှသည်။

"နှလုံးသားမှာ ဒဏ်ရာတွေ တော်တော် များနေပြီ ထင်ပါရဲ့ ဒေါက်တာရယ်.."

ပိုး ခပ်လေးလေးစကားသည် အပူပေါင်းများစွာကို သယ်ဆောင်ထားဟန် ရှိလေရဲ့။

"ခရီးလေးဘာလေးထွက်ကြည့်ပါလား စိတ်ကို အပန်းဖြေလို့ရတာပေါ့ကွယ် ၊ မင်းတို့က လူငယ်တွေပဲ ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းကြ လူငယ်ဘဝက ပျော်ရွှင်မှုကို နှစ်ခါပြန်မရနိုင်ဘူး ကလေးမ.."

"ပျော်ရွှင်မှု မရှိလဲ ဘဝက နေပျော်စရာကြီးပါ.."

ကြိုထုပ်ထားသော လစာအနည်းငယ်ကို ခုံပေါ်တင်ပေးရင်း ဆေးထုပ်များယူကာ အခန်းထဲမှ ထွက်လာလေရဲ့။

"မင်း ဒီလိုဆက်လုပ်နေလို့မရဘူးနော် ကြာရင် အသဲက ပျက်စီးသွားနိုင်တယ်"

လှမ်းသတိပေးသော ဒေါက်တာ စကားကြောင့် ပိုး နှုတ်ခမ်းထက်မှာ အပြုံးတွေဟာ နေရာယူလာသည်။

ထိုအပြုံးများဟာ လောကကြီးကို ခနဲ့သော အဓိပ္ပာယ် များ ပါဝင်သက်ရောက်နေလေ၏။

ကြာမှ အသည်းက ပျက်စီးမှာ မဟုတ်ဘူး ဒေါက်တာ ၊ အသည်းက အရင်ကတည်းက ပျက်စီးနေတာ။

X

"အန်တီ ပိုး သွားတော့မယ်"

အလုပ်လုပ်နေသော အန်တီသည် ပိုးနဲ့ ပိုးရဲ့ ခရီးဆောင်အိတ်ကို ဇက်ကနဲ ကြည့်လေရဲ့။

"မင်း ဘယ်သွားနေမို့လဲ"

"ပိုး သူငယ်ချင်းဆီမှာ သွားနေမလို့"

ပိုးရဲ့ မျက်နှာဟာ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချထားဟန် ပေါ်လေရဲ့။

"အိုး မင်းတို့လူငယ်တွေက လက်လျော့တာ မြန်လိုက်တာ"

ဟင်းလစ်နေသော ကြမ်းပြင်ကို မှိုင်တွေစွာ ငေးနေသော အန်တီ စကားဟာ ပိုး ခေါင်းထဲသို့ အတွေးပေါင်းများစွာ ဝင်လာစေပြန်သည်။

အန်တီ ဆူလ်ဇီ / အန္တီ ဆူလ္ဇီWhere stories live. Discover now