[အပိုင်း၆ u+z]

4.5K 372 5
                                    

Unicode

"ဟက် မင်းလိုကလေးပေါက်စလေးက တို့ကို လာစနေတာပဲ သွားသွား အိမ်ပြန်တော့.."

"ဟာ မဟုတ် ကျွန်မ.."

*ဒုန်း*

ပြောချင်တောင် မရလိုက်ခင် အပြင်သို့ တွန်းထုပ်ခံလိုက်ရပြီး ပိတ်သွားတဲ့ တံခါးကြောင့် သူမ ကြောင်တောင်တောင် ဖြစ်သွားတော့သည်။

ဖွင့်ပြောရတော့မလိုလို မဖွင့်ပြောရတော့မလိုလိုနဲ့။

"ကျွန်မ စနေတာ မဟုတ်ရပါဘူး.."

တိုက်ခက်နေတဲ့ လေပြေညှင်းများ ကြားယုံမှ လေသံလေးသည် တိုးဖျော့နေသည်။

"ဟူး.."

စိတ်ထဲ မအီမသာ ဖြစ်နေမှုကို ဖြေဖျောက်ရန်အတွက် သစ်ပင်များစိုက်တွင်းထားသည့် ပန်းခြံ မဟုတ်သော အပင်ပေါင်းများစွာ ပေါက်နေတဲ့ နေရာကို လေးပင်နေသော ခြေထောက်များဖြင့် အရောက်သွားမိလေတယ်။

"ဟိတ် မင်းသိလား ငါလေ ငါ့ထက်အသက်အများကြီး ကြီးတဲ့ အန်တီကို တကယ်ကြိုက်မိသွားတယ်.."

သူမ ငယ်စဥ်ကတည်းက ရင်ထဲရှိသမျှ ဖွင့်ချလေ့ ရှိတဲ့ သစ်ပင်ကြီးမှာ ထိုင်ချရင်း ဆိုလိုက်လေတယ်။

"အန်တီက ငါ့ကိုလေ သဘောမကျဘူးထင်တယ်ကွယ်..ငါ့မျက်နှာကို မြင်တာနဲ့ အန်တီ အပြုံးတွေက ပျောက်ပျောက်သွားတယ် ငါဘယ်လိုလုပ်ရပါ့.."

လေနှင်ရာအတိုင်း ယိမ်းယိုင်နေသော သစ်ရွက်ကြွေကလေးများဟာ ပိုး စကားကို နားထောင်နေသယောင် ခံစားမိသည်။

ပိုး အန်တီနဲ့ ဆုံတိုင်း ရင်တွေ ခုန်မိနေတာ တဒုန်းဒုန်း နဲ့ ဒါကို အချစ်လို့ ခေါင်းစဥ်မတက်ခဲ့ခင်မှာပဲ ဒါဟာ အချစ်လို့ အဓိပ္ပာယ် ထွက်သွားခဲ့တယ်။

တွေ့ဆုံခြင်းက မြန်နေပေမဲ့ အန်တီ အချစ်တွေကို ရယူဖို့အတွက် နှစ်ပေါင်းများစွာ ပိုး စောင့်နိုင်တယ်။

အချစ် ဆိုတဲ့ အရာကို နားမလည်ခဲ့ဘူး အန်တီ၊ပိုး အခုလဲ နားမလည်ခဲ့သေးဘူး၊ဒါပေမဲ့လေ ပိုးသိတဲ့ အချစ်က အန်တီ ဆိုတာကိုပဲ။

ပိုး အချစ်ကို အန်တီ သိအောင် ပိုး လုပ်ပြမှာပါ အန်တီ စောင့်ကြည့်လိုက်စမ်းပါကွယ်။မယုံခဲ့ရင်တောင် ရင်ထဲ ရှိသမျှ အရာအားလုံးကို ထုပ်ပြပစ်လိုက်လို့ရရင် ထုပ်ပြပစ်လိုက်ချင်စမ်းပါရဲ့။

အန်တီ ဆူလ်ဇီ / အန္တီ ဆူလ္ဇီWhere stories live. Discover now