[အပိုင်း၂၉ u+z]

3.1K 281 9
                                    

Unicode

"ပိုး ဒီမှာနေနေရတာ တစ်လတောင် ပြည့်တော့မယ် အိမ်ပြန်ချင်လှပြီ.."

ညှိုးနွမ်းစွာပြောတော့ ထိုရက်နှစ်ဆယ်အတွင်း ချောင်ကျသွားတဲ့ အန်တီ မျက်နှာလေးဟာလည်း စိတ်မကောင်းစွာ။

"နောက်ကျပြန်ရမှာပေါ့ကွဲ့.. အခု ပိုးလုပ်ရမှာက ကျန်းမာရေးကောင်းအောင် အစားများများစားဖို့ပဲ.."

ပိုး သက်ပြင်းချရင်း ပါးစပ်ဆီသို့ တေ့ပေးထားသည့် ဆန်ပြုတ်ဇွန်းကိုသာ သောက်ယူလိုက်သည်။

အင်း အရသာကတော့ အရင်အတိုင်းပဲ ခါးသက်သက်နဲ့။

"ဘယ်လိုနေလဲ ကောင်းလား"

"အွန်း အန်တီ လက်ရာက ရှယ်ပဲ.."

စိတ်မပူလိုစေရန် လက်မကလေးထောင်ရင်း ကလေးတစ်ယောက်သဖွယ် ပြောတော့ အန်တီဟာ ခပ်ပြုံးပြုံးဖြင့်စိတ်ချမ်းသာဟန် ရသွားသည်။

အကုန်လုံးကို မသောက်ချင်သော်ငှား အန်တီ အပင်ပန်းခံပြီး ပြုတ်ပေးလာရသည် ဆိုတဲ့ အတွေးနဲ့တင် သောက်လိုက်တာ တစ်ပန်ကန်ပင် ကုန်သွားခဲ့သည်။

"အန်တီ ပိုးကို အဖြေပြန်မပေးတော့ဘူးလား"

ဆန်ပြုတ် ပန်ကန်ကို သွားဆေးဖို့ လုပ်သည့် အန်တီလက်ကို ဆွဲရင်း ထုံးစံလို ဖြစ်နေသော စကားကို ဒီနေ့လဲ ထပ်မေးမိပြန်တယ်။

"မကြာမှီပေါ့ ကလေးရယ်.."

ပိုး စိတ်ညစ်စွာ ဟက်ကနဲ ရီရင်း ဆွဲထားသည့် လက်များကို အန်တီ လက်မောင်းမှ ဖယ်ထုပ်လိုက်သည်။

အန်တီဟာ တစ်ကယ့်ကို ဆိုးလွန်းတယ်.. ကြိုးရှည်ရှည်နဲ့လှမ်းထားရတာ သိပ်ကို ပျော်စရာကောင်းနေတယ် ထင်ပါရဲ့။

"အန်တီက ဒီဟာကြီးပဲပြောနေတာ အခါတစ်ရာမကတော့ဘူး"

စူပုတ်ပုတ်ပြောတော့ အနည်းငယ် ဖောင်းထွက်လာသည့် ပါးကလေးများကို ရေစိုစို လက်သားကလေးများဖြင့် ဖိညှစ်ရင်း။

"စိတ်ရှည်မှပေါ့ မလောစမ်းပါနဲ့ကွယ်.."

"ပိုးလောနေတာ မဟုတ်ဘူး အန်တီ..၊ အန်တီ နှုတ်ဖျားကနေ ချစ်ပါတယ်ဆိုတဲ့ အဖြေကို ကြားချင်ယုံပါ.. ပိုးချစ်ပေးနေတာတွေက မလုံလောက်လို့ အန်တီက ပြန်မချစ်နိုင်တာလားဟင်.."

အန်တီ ဆူလ်ဇီ / အန္တီ ဆူလ္ဇီOn viuen les histories. Descobreix ara