[အပိုင်း၈ u+z]

4.2K 387 3
                                    

Unicode

"မအိပ်သေးဘူးလား??"

အတွေးများဖြင့် လည်ပတ်နေရင်း အတွေးနွံထဲမှ အန်တီ ဆူလ်ဇီ အသံချိုချိုကလေးကြောင့် ရုန်းထွက်နိုင်ပါရဲ့..။

"အိပ်လို့မပျော်လို့.."

ကုတင်ထပ်သို့ ထိုင်ရင်းဖြင့် ဆိုလေသည်။

"မင်း ခြေထောက်.."

အန်တီ ဆူလ်ဇီ စကားကြားမှ ခြေထောက်က အနာကို သတိရတော့လေတယ်။

စိတ်တွင်း ဒဏ်ရာများကြောင့် ခြေထောက်ဟာ နာလို့ နာမှန်းပင် သတိတောင် မရတော့ချေ။

"တို့ ဆေးလိမ်းပေးမယ်.."

အန်တီ ရဲ့ လက်ထဲမှ ဆေးပုံးလို ဗူးအရှည်လေးကို သူမ ဘေးနေရာချရင်း ပိုးရှေ့မှ ထိုင်၍ဆိုသည်။

"ရ..ရတယ် ပိုး ဘာသာ လိမ်းပါ့မယ် အားနာစရာကြီး..."

"တိုးတိုးနေ"

အသဲသန်ငြင်းနေရင်း အမိန့်လို ခပ်ချိုချိုစကားသံလေး ကြောင့် နှုတ်ဖျားမှ စကားလုံးများဟာ ပျောက်ရှကုန်လေသည်။

"အာ့!"

တို့ထိလိုက်သော ဂွမ်းစကြောင့် ဒဏ်ရာ နာလို့နာမှန်းပင် အခုမှသိတော့သည်။

ဆေးအရည်ကြောင့် တို့ထိလိုက်တိုင်း စပ်ဖြင်းဖြင်းဖြင့် အရမ်းကို နာလွန်းသည်။

"နာ..နာလိုက်တာ!!"

"မင်း အနာက ယောင်တောင် ယောင်နေပြီ.."

ညအမှောင်အောက်တွင် ထွန်းလင်းနေသော မီးအလင်းရောင်လေးဟာ အန်တီ မျက်နှာပေါ် ဖြာကျလျှက်၊နီးကပ်လှသော မျက်နှာ ဝင်းဝင်းလေးကြောင့် ရင်ဘတ်ထဲမှ အကောင်ငယ်လေးဟာ မတည်ငြိမ်တော့။

"ဖူး.."

ရုတ်တရက်ဆိုသလို သူမ အရမ်းကို လန့်သွားသည်။

အန်တီဟာ သူမ ခြေထောက်ကို အနည်းငယ်ကိုင်းပြီး မှုတ်ပေးနေသ၍ကြောင့် နာနေသမျှ အနာတွေဟာ အဝေးသို့ လွှင့်စင်သွားသယောင်။

"အန်..အန်တီ"

ပိုး အလန့်တကြား ဖြင့် အသံများပါပင် တုန်ယောင်နေတော့သည်။

အန်တီ ဆူလ်ဇီ / အန္တီ ဆူလ္ဇီWhere stories live. Discover now