[အပိုင်း၂၈ u+z]

3.1K 273 9
                                    

Unicode

"အိုး... ကြယ်ရယ် ပိုးဘာမှမဖြစ်ပါဘူးလို့ အတန်တန်ပြောရက်နဲ့ မုန့်တွေ ယူလားရသလား"

လက်ထဲ ထည့်ပေးလာသော မုန့်အထုပ်များစွာကို ကြည့်ရင်း အားနားစွာ ဆိုမိလေတော့ ကြယ်က ခေါင်းကို ပွတ်လာသည်။

"ကျန်းမာရေးကောင်းအောင် အားရှိတာတွေ စားရမယ်လေ ပိုးရဲ့..."

မနိုင်စွာ ခေါင်းကိုတတွင်တွင်အခါခါ ရမ်းမိသည်။

"ပြောလို့လဲ မနိုင်တော့ပါဘူးလေ"

ကြယ်ဟာ အသံထွက်တဲ့အထိ ရီရင်း ပါးများကို ဖိညှစ်လာသည်။

"ကြည့်ပါအုန်း အရင်ကလို ဖောင်းနေတဲ့ ပါးကလေးတွေ ပျောက်ကုန်ပြီ"

"အား နာတယ် ကြယ်ရဲ့"

ပိုး ပြောမှလွှတ်ပေးသည့် ကြယ်ကို မျက်စောင်းချည်းသာ လှိမ့်ထိုးလိုက်တော့သည်။

"အမလေး အမတော်လေးရယ် ဖွဖွလေးညှစ်တာကိုး"

"လာ ပိုးလည်း ဖွဖွလေးပြန်ညှစ်ပေးမယ်"

ညှစ်မယ် ပြင်တော့ ကြယ်ဟာ နောက်ဆုတ်သွားသည်.. ဒါမျိုးကျ ကြောက်တတ်လိုက်တာ လွန်ရော။

"တော်ပါ.. ကြယ်ပေးတဲ့ မုန့်တွေ ကုန်အောင်စားရမယ်နော်.. အဲ့တာမှ ကြယ်ရဲ့ ပါးဖောင်းဖောင်းလေးတွေ ပြန်ထွက်လာမှာ"

အရမ်းဆိုးရွားလှသော ခံတွင်းကြောင့် များလွန်းလှတဲ့ မုန့်တွေကို ကြည့်ရင်း ခေါင်းကုတ်နေမိတော့သည်။

"စိတ်ချပါ ကြယ်ရဲ့ ကုန်အောင်စားပါ့မယ်"

အန်တီ ထားပေးထားသော ကုတင်းခြေရင်းဝမှ ခုံလေးပေါ်တွင် တစ်ဝက်ကျိုးနေသော ဓာတ်ဆား ရည်ကို ယူရင်း လည်ချောင်းဝကို ရှင်းလိုက်သည်။

သူမ အောက်စီဂျင်က မနေ့ညကပင် ဖြုတ်ခွင့်ရခဲ့သည်မို့ အရမ်းကို လွှတ်လပ်လွန်းလှသည်။

သို့ပေမဲ့ အနည်းငယ်လေး လှုပ်ရှားလိုက်တာကို အမောဖောက်သလို ရင်တုန်ပန်းတုန် ဖြစ်နေသည့် နှလုံးသားကြောင့် အသက်ကို ဝဝလင်လင် သေချာရှူရသေးတယ်။

"ပိုး အသက်ရှူမဝလို့လား"

ကြယ်၏ ဆိုးရိမ်မှုအမေးကို ခပ်အေးလုလု ပြုံးရင်း ခေါင်းရမ်းပြလိုက်သည်။

အန်တီ ဆူလ်ဇီ / အန္တီ ဆူလ္ဇီWhere stories live. Discover now