[အပိုင်း၁၇ u+z]

3.7K 344 46
                                    

Unicode

"ဆူလ်ဇီ ဆူလ်ဇီ!!!"

လေပြေညှင်းများရဲ့ အထိအတွေ့ကို နှစ်ယောက်အတူ ခံစားနေခိုက် တစ်စုံတစ်ရာကြောင့် လှမ်းနေသော ခြေလှမ်းများဟာ ရပ်တန့်သွားလေသည်။

"ဆူလ်ဇီ မင်းမဟုတ်လား"

ထို အသံလာရာကို လှည့်ကြည့်အခိုက် ဖြတ်သန်းသွားသော ပင်လယ်လှိုင်းကလေးများဟာ သိပ်သည်းထန်လှသည်။

"မောင်.."

နှူးညံ့လှလေသော အခေါ်အဝေါ်လေးသည် သိမ်မွေ့မှုကို ဆောင်းကျဥ်းထားလေရဲ့။

အကြည့်ချင်း ဆုံနေသော အန်တီ နှင့် အမည်မသိ အမျိုးသား တစ်ဦးကြောင့် ပိုး စိတ်များဟာ ဗလာအရှင်းဖြစ်ခဲ့လေသည်။

"ဆူလ်ဇီ မောင်..မောင် မင်းကိုပြန်တွေ့ခဲ့ပြီ"

မမြင်ခဲ့ဖူးလေသော အန်တီရဲ့ မျက်ဝန်းက အကြည့်တွေကို ပိုး သဘောမကျဘူး အန်တီ ၊ သိပ်ကို သဘောမကျဘူး။

"မောင်..မောင် ဆူလ်ဇီကို ရှာနေခဲ့တယ်"

အန်တီ နှုတ်မှထွက်လေသော မောင်ဆိုသည့် နာမ်စားသည် ပိုး စိတ်များကို ထွေပြားစေရဲ့။

ဘာတွေလဲ ၊ ဘာတွေဖြစ်နေကြတာလဲ။

"ဟုတ်တယ်ကွယ် ကိုယ် မင်းကို ရှာနေခဲ့တာ သိပ်ကို ကြာလွန်းခဲ့ပြီ"

ရုပ်ရည်တည်ကြည်လှသော အမျိုးသားသည် အန်တီရဲ့ လက်ကို ဖြေးညှင်းစွာကိုင်လေရဲ့။

ပိုး ကိုင်လျှင် ပုတ်ထုပ်တတ်သော ထိုအမျိုးသမီးလေးဟာ အခုတော့ ငြိမ်နေခဲ့ပါလား။

ပိုး မြတ်နိုးရာပန်းကလေးကို အခြားသူ လာထိရင် ဘယ်ဘက်ရင်အုံက နှလုံးသားလေးဟာ နာကျင်လွန်းခဲ့တယ် အန်တီ။

"ဘာ..ဘာအတွက်လဲ"

"မောင် မင်းကို တောင်းပန်ချင်လို့ပါကွယ် ၊ မင်းမရှိတဲ့ အချိန်တွေက မောင့်အတွက်တော့ ဘာမှမရှိတဲ့ လေဟာနယ်ကြီးမှာ လမ်းလျှောက်နေရသလိုပါပဲကွဲ့"

ထို အမျိုးသား နှုတ်မှ ထွက်လေသော စကားများသည် သိပ်နှူးညံ့လှသည် ၊ သိပ်ကို နှူးညံ့လှသည်။

အန်တီ ဆူလ်ဇီ / အန္တီ ဆူလ္ဇီWhere stories live. Discover now