[အပိုင်း၁၈ u+z]

3.6K 321 21
                                    

Unicode

"ကြယ်"

ကောင်းကင်ပေါ်မှ ထွက်လုဆဲ လမင်းလေးကို ကြည့်နေခိုက် ရင်းနှီးလှသော အသံကလေးကြောင့် အတွေးများဟာ ပျောက်စသွားတော့သည်။

"ဟင် ပိုး"

"ကြယ်.."

ရင်ခွင်ထဲသို့ အပြေးကာ ဝင်လာသော ပိုးကြောင့် မျက်လုံးများပါ ပြူးသွားယုံသာမက တည်ငြိမ်နေသော နှလုံးသား တစ်စုံဟာလည်း ရေပြင်လို လှုပ်ခါသွားလေရဲ့။

"ပိုး ပိုး ဘာဖြစ်လို့လဲ"

ရုတ်တရက်ဆိုသလို အကျီစမှ စိုစွတ်မှုကို ခံစားလိုက်ရသဖြင့် ကြယ် အလန့်တကြား ငုံ့ကြည့်မိလေသည်။

ကြယ်၏ ရင်ခွင်၌ငိုနေသော ပိုး၏ ပုံရိပ်ကလေးဟာ ကြယ် ရင်ကို အစိတ်စိတ်အမွှာမွှာဖြစ်စေလေရဲ့။

"ပိုး ကြယ်ကိုပြောပါအုန်း ဘာဖြစ်လို့ငိုနေတာလဲ"

နှူးညံ့လှလေသော ဆံနွယ်ကလေးများကို လက်ဖြင့် အသာအယာ ပွတ်ပေးရင်း မေးလိုက်လေသည်။

ကြယ် ရင်တွေ မထိသာလိုက်တာ ပိုးရယ်။

"သူ..သူက အချစ်ဦးကို မမေ့နိုင်သေးဘူး ထင်တယ် ကြယ်ရယ်..ပိုး ပိုးလေ ဘာဆက်လုပ်ရမှန်းမသိအောင် အရမ်း နာကျင်လွန်းတယ်.."

မျက်ရည်များနှင့်အတူ စကားများဟာ ကြယ်ရဲ့ ရင်ကို ဓားနဲ့မွန်းလိုက်သလိုပင်။

"သူ..သူက တစ်ကယ် မကောင်းဘူး ဖြစ်..ဖြစ်နိုင်ရင် ပိုးသူ့ကို မုန်းပလိုက်လို့ရရင် သိပ်ကောင်းမှာဘဲ ဒါပေမဲ့ ခက်တာက သူ..သူ့ကို ပိုးလေ သိပ် သိပ်ချစ်လွန်းနေတယ်"

အောင့်တက်လာသော နှလုံးသားသည် စပ်ဖြင်းဖြင်းဖြင့် နာကျင်မှုကို ခံစားရစေတယ်။

"သူ့ကြောင့် အချိန်တိုင်း ဝမ်းနည်းနေခဲ့တာလား"

ကြယ်အမေးကို ပိုးဟာ မဖြေပဲ ငိုမြဲငိုနေဆဲပင်။

တိတ်ဆိတ်နေခြင်းဟာ ဝန်ခံခြင်းတဲ့လေ ပိုးရယ် ပိုး အရမ်းနာကျင်ခဲ့ရမှာပဲ။

"ကြယ် နောက်ကျမှ သိခဲ့လို့ တောင်းပန်ပါတယ်ကွယ် အခု အရမ်းဝမ်းနည်းနေတယ်မလား..ငိုချလိုက်..ဒီနေ့ တစ်ရက်ဝမ်းနည်းရင် ငိုသာချပလိုက် ငိုမှ မနက်ဖြန်အတွက် ရှင်သန်ဖို့ အားတင်းနိုင်မှာ ဒီနေ့ ငိုပြီးရင် မနက်ဖြန်ကို ဆက်မငိုပါနဲ့တော့လေနော်"

အန်တီ ဆူလ်ဇီ / အန္တီ ဆူလ္ဇီWhere stories live. Discover now