[အပိုင်း၂၇ u+z]

3.3K 295 12
                                    

Unicode

ဆေးရုံအတွင်းသို့ အပြေးတစ်ပိုင်းဖြင့် ဝင်ရောက်လာသည့် လူတစ်ယောက်မှာ အရူးတစ်ပိုင်းသာ။

ဘေးမှ စကားသံတွေ၊ရီသံတွေ၊ကလေးငိုသံတွေ၊ စတဲ့ စတဲ့ အသံများဟာ သူမ နားထဲ၌ တစ်ဝိုးတစ်ဝါးသာ ကြားနေရသည်။

အရူးတစ်ပိုင်း ပြေးနေသည့် သူမ စိတ်ထဲ ဘယ်အရာမှမရှိ ဘုရားကိုသာ တနေမိလေရဲ့။

သီချင်းဖွင့်ထားသလို မရပ်မနား ဆုတောင်းသံများကြောင့် ဘုရားတောင် နားငြီးနေရပြီ ထင်ပါရဲ့။

"ဒီမှာ ဒီမှာ ပိုးတိမ်လွှာဆိုတဲ့ လူနာ ရှိလား သူဘယ်အခန်းမှာလဲ"

သူနာပြုမလေးဟာ ကြောင်သွားပြီး စာရင်းစာအုပ်ကို ခပ်သွပ်သွပ် ရှာကြည့်နေသည်။

"အခန်းနံပတ်နှစ်ရာ့သုံးမှာပါရှင့်"

စကားဆုံးသည်နှင့် ကျေးဇူးတောင် မတင်အား ဖနောင့်နှင့် မြေကြီး မထိလောက်အောင်ထိ အသားကုန် ပြေးတော့သည်။

ဒီနေ့မှ ဆေးရုံမှာ လူတွေ သိပ်များနေပါလား။

"ခဏ ခဏလေး ကျေးဇူးပါ"

ဓာတ်လှေကား ပိတ်ခံနီး အဘိုးအို တစ်ဦး ရပ်တန့်ပေးမှုကြောင့် အဆင်ပြေပြေဖြင့် ပါသွားတော့သည်။

3လွှာကို ရောက်ဖို့သာ အမြန် ဆုတောင်းနေမိတော့သည်။

ညနေက အသိအမတစ်ယောက် သူမဆီ ဖုန်းဆက်လာတယ်။

"အမ လူနာလိုက်စစ်နေရင်း ညီမပြောပြောနေကျ နေကြာလေး ဆိုတဲ့ ကောင်မလေးကို ဆေးရုံမှာ အမတွေ့လိုက်တယ်  ညီမပြတဲ့ ဓာတ်ပုံထဲကနဲ့ ချွတ်စွတ်တူတယ်.."

တဲ့.. ကိုယ့်မှာ အဲ့သတင်း ကြားကြားပြီးချင်း ဘုရားရေလို့တောင် တမိတဲ့အထိ ထိပ်လန့်သွားတာ အမှန်။

သန်မာတဲ့ နေကြာလေး ဘာမှမဖြစ်စေဖို့ပဲ ဆုတောင်းမိတယ်။

ကြားကြားပြီးချင်း ပြေးထွက်လာခဲ့မိတာ အခုမှ ကြည့်မိတယ် ဖိနပ်က ကျွဲတစ်ဖက် နွားတစ်ဖက်ကို ဖြစ်လို့။

ဓာတ်လှေကား ပေါ်က လူအများရဲ့ အကြည့်ဟာ ချွေးတွေချွဲစိုနေတဲ့ ဖရိုဖရဲဖြစ်နေတဲ့ သူမနဲ့ ဖိနပ်ဆီမှာ။

အန်တီ ဆူလ်ဇီ / အန္တီ ဆူလ္ဇီWhere stories live. Discover now