[အပိုင်း၂၁ u+z]

3.4K 314 23
                                    

Unicode

"ဆောင်းဝင်တော့မယ် ထင်ပါရဲ့.."

တိုက်ခတ်နေသော လေပြေညှင်းလေးသည် အညှာတာ ကင်းမဲ့စွာ အေးစက်နေလျှက်။

"မနေ့က.."

အန်တီဟာ ပိုးကို ခပ်တွေတွေ စိုက်ကြည့်လာသည်။

မဟုတ်မှ..မနေ့က အကြောင်းပြောမလို့များလား။

"မနေ့က တို့ စိတ်တွေ သိပ်ရှုပ်ထွေးနေခဲ့တာ လက်လွန်ခဲ့တာတွေက..တို့ လုံးဝကို မရည်ရွယ်ခဲ့ဘူး.."

လေးပင်နေသော စကားသံများ အဆုံး တွင် အန်တီဟာ အပြစ်ရှိနေသလို ခံစားနေရဟန် တူလေသည်။

"ပိုး သိပါတယ် အန်တီရယ်..ပိုးသိပါတယ်..ဒီ ကိစ္စ မှာ သူက အရင် ကိုယ်ထိလက်ရောက် လုပ်တာမို့ အန်တီ အမှားမဟုတ်ဘူးလေနော်.."

အန်တီ ရဲ့ အေးစက်လှသော လက်နုနုကလေးများကို ညှင်သာစွာ ကိုင်တွယ်ရင်း ဆိုလိုက်သောအခါ ရင်တွင်းသို့ တစ်လုံးတစ်ရင်း ဝင်ရောက်လာသော နွေးထွေးမှုများဟာ..မြှောက်မြားစွာဖြင့်။

ဒီ လက်နုနုကလေးက သိပ်နှူးညံ့တယ် ပန်းကလေး တစ်ပွင့်လိုမျိုး..။

"အမှန်ကလေကွယ် ဒါတွေဟာ တို့ အမှားနဲ့ မကင်းဘူး သူ မျှော်လင့်ချက်တွေကို တို့ရိုက်ချိုးမိခဲ့တယ်..သူ သူနဲ့တို့ရဲ့ စေ့စပ်ပွဲကို တို့ဖျက်ခဲ့တယ်.."

လှမ်းနေသော ခြေလှမ်းများဟာ တုန့်ကနဲပင် ရပ်တန့်သွားလေသည်။

မယုံနိုင်စွာဖြင့် အန်တီကို ငေးမောကြည့်တော့ အန်တီဟာလည်း မှိုင်တွေစွာ ပြန်ကြည့်နေလေရဲ့..ထို မျက်ဝန်းတွေထဲ အမှန်တရားဆိုတာ ပါဝင်နေသည်သလား။

သို့မဟုတ်

အပျော်ဆုံးလူသားဟာ ပိုး ဖြစ်သွားလေသလား။

"အန်..အန်တီ တစ်ကယ်ကြီး ပြောနေတာလား.."

မယုံနိုင်စွာ ပြန်မေးလေတော့ အန်တီဟာ ခပ်အေးအေးဖြင့် ခေါင်းငြိမ့်ပြလေသည်။

"တို့က မင်းထင်သလို လူစားမျိုး မဟုတ်ဘူး"

ရှေ့က စကားများနှင့် အဆက်ဆက် မရှိသော စကားများကြောင့် ပိုး၏ ခြေလှမ်းများဟာ နောက်တစ်ကြိမ် ထပ်မံရပ်တန့်သွားပြန်သည်။

အန်တီ ဆူလ်ဇီ / အန္တီ ဆူလ္ဇီWhere stories live. Discover now