[အပိုင်း၁၉ u+z]

3.5K 331 26
                                    

Unicode

"အဘိုး ကျွန်မကို ခေါ်တယ်ဆို"

တင်းမာနေသော မျက်နှာသည် လေထုထက်တောင် အေးစက်လွန်းနေလှသည်။

"ထိုင် မေးစရာရှိလို့"

အဘိုး ညွန်ပြရာနေရာမှာ ခပ်အေးအေး ဝင်ထိုင်လိုက်လေရဲ့။

"အခြေအနေ ဘယ်လိုလဲ"

"ဒီလိုပါပဲ"

အဘိုး အမေးကိုပင် အသက်မပါစွာ ပြန်ဖြေရင်း ရှေ့မှ ရေနွေးကြမ်းကို အေးအေးလုလု သောက်နေလိုက်လေသည်။

"နင်က အသုံးကိုမကျဘူး တစ်ခါလာလဲ ဒီလိုပါပဲ ဒီလိုပါပဲနဲ့ ဒီကိစ္စကို ငါ့ဘငါ အပြတ်ရှင်းလိုက်တော့မယ်"

တင်းမာစွာ ဆိုလေသော လေသံအဆုံး ရေနွေးကြမ်းသောက်နေသော ဆူလ်ဇီ လက်တစ်စုံဟာ ရပ်တန့်သွားလေသည်။

"သူ့ကို အဘိုးမထိပါနဲ့ !"

တိတ်ဆိတ်နေသော အခန်းတွင်းသို့ ဆူလ်ဇီရဲ့ ဒေါသသံဟာ ဟိန်းထွက်လာလေရဲ့။

"ဟက် သူ့ကို ချစ်မိသွားလို့လား နင်က နင့်အမေနဲ့ တစ်ပုံစံထဲ ကူးစက်ရောဂါဆိုတာ မျိုးရိုးလိုက်တယ်"

ဆူလ်ဇီ မျက်လုံးများဟာ မှိုင်တွေနေရာမှ အေးစက်စက် မျက်လုံးများဆီသို့ ပြောင်းလဲသွားလေသည်။

"ကျွန်မ အမေကို အဘိုးပြောစရာမလိုဘူး ပြီးတော့ ပိုးတိမ်လွှာဆိုတဲ့ ကလေးမကို ထိရင် ကျွန်မ အဆိုး မဆိုနဲ့!"

ခြေချိတ်ထိုင်နေသော အဘိုးကို ကျောခိုင်းလိုက်ရာတွင် အနောက်မှ ထွက်လာသော ရီသံသဲ့သဲ့ကြီးကြောင့် ဆူလ်ဇီ ခြေလှမ်းများဟာ အနည်းငယ် တုန်လှုပ်သွားဟန်ရှိသည်။

"သူက နင့်အမေကို သတ်ခဲ့တာလေ"

------

"အန်တီ ဘယ်တွေသွား..."

ပိုး စကားမဆုံးသေးခင် ရင်ထဲလှိုက်ဝင်လာတဲ့ နွေးထွေးမှု တစ်စုံကြောင့် ပိုး၏ မျက်လုံးတစ်စုံဟာ အံ့သြမှုများ လွှမ်းမိုးသွားလေသည်။

"အန်..အန်တီ ဘာ ဘာဖြစ်လာ.."

"ဒီတိုင်းလေး..ဒီတိုင်းလေး ခဏလောက်နေပေးပါ"

အန်တီ ဆူလ်ဇီ / အန္တီ ဆူလ္ဇီWhere stories live. Discover now