[အပိုင်း၂ u+z]

6.8K 428 4
                                    

Unicode

တစ်ရွေ့ရွေ့လှုပ်ရှားနေတဲ့ သစ်ရွက်ကြွေတွေ ကြွေကျတဲ့အခါ ထိုမြင်ကွင်း လေးတွေက သိပ်လှတယ်။ဒါပေမဲ့ အမှိုက်ရှုပ်စေတယ်။

အဲ့ဒီလိုပဲ လူတွေဟာလဲ ထိုနည်းအတိုင်းပဲ။အပြင်ကကြည့်ရင် သိပ်လှတယ်၊စေတနာကောင်းတယ်၊သဘောကောင်းတယ်၊ဟန်ဆောင်ကောင်းတယ်။ထိုလို လူတွေအချို့ရဲ့ အတွင်းပိုင်း စိတ်ထားက ယုတ်ညံ့နေမယ် ဆိုတာကို မည်သူက သိမှာလဲ။

ထိုလူတွေထဲ ဆူလ်ဇီလဲ အပါအဝင်ပဲ။

"စာချုပ်က အဆင်ပြေပါတယ် ခွင့်ပြုချက် စာချုပ်လဲပါလာတယ်ဆိုတော့ ကျုပ်တို့ဘက်က ငြင်းစရာမရှိပါဘူး ဒီမြေကို သိန်းငါးရာနဲ့ ရောင်းပေးပါ့မယ်.."

"ဟုတ်ကဲ့ ကျေးဇူးပါ နောက်တစ်ရက်နေ့ကျ ပိုက်ဆံ ကိစ္စ ဆွေးနွေးကြတာပေါ့.."

"ကောင်းပါပြီဗျာ.."

"ဒါဆို ခွင့်ပြုပါအုန်း"

စားပွဲခုံပေါ်က စီစီညီညီ ထပ်ထားတဲ့ စာချုပ်စာတမ်းများကို စုထည့်ပြီး မြေပိုင်ရှင်များကို နှုတ်ဆက်စကား ပြောရင်းနှင့် ကားဆီကို ပြန်လာလိုက်သည်။

"ဟဲ့ ဆောင်း စောင့်အုန်းဟ အား!"

မီးပွိုင့်စောင့်နေရင်းမှာပဲ ကောင်မလေးတစ်ယောက်က ဆူလ်ဇီကို လာတိုက်တာမလို့ လက်ထဲက စာချုပ်စာတမ်းများက လေနှင်ရာကို လွှင့်ထွက်သွားတော့သည်။

"တောင်းပန်ပါတယ်ရှင့် တောင်းပန်ပါတယ် ကျွန်မ အမြန်ပြေးမိသွားလို့.."

ဝင်တိုက်တဲ့ ကောင်မလေးက သူမ စာချုပ်စာတမ်းများကို လိုက်ကောက်ပေးရင်း တောင်းပန်နေသည်၊ထိုကောင်မလေး ကောက်ထားတဲ့ ဆူလ်ဇီ ရဲ့ စာချုပ်စာတမ်းတွေကို ယူပြီး ကောင်မလေး မျက်လုံးများကို တစ်ချက်ကြည့်ရင်း ထွက်လာလိုက်သည်။

ဒီခေတ် လူငယ်တွေက ပေါ့ပျက်ပျက်နဲ့ပါလား။

X

"ချေလှချည်လား!!"

"ဟဲ့ ပိုး ဘာဖြစ်သွားသေးလဲ.."

စတိုင်ကျကျ ထွက်သွားတဲ့ အန်တီကြီးရဲ့ နောက်ကျောကို ငေးကြည့်လိုက်မိသည်၊ဒီကတောင်းပန်နေတာကိုတောင် အဖက်မလုပ်ပဲ ထွက်သွားတဲ့ လေဒီကြီးကို ပိုး သိပ်မကျေနပ်ပါ။

အန်တီ ဆူလ်ဇီ / အန္တီ ဆူလ္ဇီWhere stories live. Discover now