[အပိုင်း၃၂ u+z]

3.2K 280 9
                                    

Unicode

"သမီးရေ.. တိမ်ရောင်သွေး"

"ရှင် အမေ.."

ပေဆုတ်ဆုတ် အိမ်ကလေး၏ မီးဖိုချောင်ထဲမှ ထွက်လာတဲ့ အသံသာသာကလေး။

"ဒီနေ့ အမေ့ရဲ့ အလုပ်ရှင်က ပင်စင်အတွက် အမေ့ဆီလာမလို့တဲ့ အဲ့တာ သမီး အိမ်သန့်ရှင်းရေးလုပ်ထားအုန်းနော်"

တိမ်ရောင်သွေး သက်ပြင်းချလိုက်မိသည်။

သက်ပြင်းချရခြင်း အကြောင်းက အနာဂတ်ကို တွေးမိလို့ပင် အလုပ်မရှိ၊အိုးအိမ်မရှိ၊စားသောက်စရာ မရှိ အော်...ခါးလိုက်တဲ့ဘဝ။

"ဟုတ်ကဲ့.."

ဖုံအလိပ်လိပ်တက်နေသော အိမ်ခေါင်မိုးများ၊ချောင်လျှိုချောင်ကြား နေရာများကို သေသေချာချာ ဖုံသုပ်ရင်း။

တောက်ပြောင်အောင် သေသေချာချာ သုပ်ယူနေလိုက်သည်။

အလုပ်ရှင်လာမှာ ဆိုတော့ သေချာရှင်းမှ ဖြစ်မည်လေ မဟုတ်ရင် အမေ့ရဲ့ သိက္ခာကျမှာ မလိုလားဘူး။

ခုနစ်နာရီမှ စ၍ လုပ်တာ အခုတော့ နာရီအစုတ်လေးက ရှစ်နာရီခွဲသို့ ညွန်ပြနေပြီ ဖြစ်သည်။

"အမေ သပ်သပ်ရက်ရက် ဝတ်အုန်းနော်"

"အေးပါ သမီးရယ်.."

အဟောင်းအနွမ်းတွေပဲ အမြဲ ဝတ်နေကျ အမေ့ကို သေသေချာချာ သတိပေးရသေးသည်။

ပြီးမှ ထမင်းတွေ ဟင်းတွေ သေချာလုပ်ကာ နောက်ဖေးကန်မှာ ရေသွားချိုးရန်ပြင်တော့သည်။

"ဟမ်!! ရှင်ဘယ်သူလဲ"

ကုတ်အမဲအထူကြီး နှင့် ခေါင်းတွင် ခပ်ငိုက်ငိုက် ဦးထုပ်စောင်းထားသည့် အမည်မသိလူကြောင့် တိမ်ရောင်သွေး ထိပ်လန့်သွားသည်။

"ဟို.."

"အနားမလာနဲ့နော် ကျွန်မ ရှင့်ကို ရိုက်မှာ"

တွေ့ကရာ တုတ်ရှာလိုက်တော့ အဝတ်လျှော်တဲ့အခါ ရိုက်တဲ့ ဟာက သူမဘေးမှာ ရှိနေလို့ တော်သေးတယ်။

ထို တုတ်ကို ရွယ်လိုက်တော့ ထိုလူဟာ ကြောက်လန့်တကြား အနောက်ဆုတ်သွားသည်။

"နေ.. နေပါအုန်း"

ထွက်လာတဲ့ အသံသဲ့သဲ့က မိန်းမငယ်တစ်ဦးရဲ့ အသံမို့ တိမ်ရောင်သွေး အနည်းငယ် အံ့သြသွားသည်။

အန်တီ ဆူလ်ဇီ / အန္တီ ဆူလ္ဇီWhere stories live. Discover now