[အပိုင်း၁၀ u+z]

4K 371 4
                                    

Unicode

"အန်တီ ဘယ်သွားမလို့လဲဟင်.."

အခန်းထဲမှ ထွက်လာသော မြန်မာဆန်ဆန် အနီတောက်တောက် ဝတ်စုံကလေးနဲ့ အန်တီ အလှဟာ နှိုင်းယှက်စရာ မရှိလောက်အောင် လှလွန်းသည်။

"တစ်ယောက်ယောက်နဲ့ ချိန်းထားလို့ပါကွယ်.."

ထို စကားဟာ သိပ်ကို နားဝင်မချိုလှပေ။

"မသွားလို့မရဘူးလားဟင်.."

မျှော်လင့်ချက် တစ်စုံတစ်ရာ ပါသော အန်တီ အကျီစကလေးသို့ ဆုပ်ကိုင်လိုက်သော လက်ကလေးဟာ မသွားဖို့ပင် တောင်းဆိုနေသယောင်။

"တို့သွားမှဖြစ်မယ်.."

"ဟို..ဟို အန်တီ စေ့စပ်မဲ့ လူနဲ့ သွားတွေ့မှာလား..အခန်းထဲဝင်တုန်း အမှတ်မထင်ကြားလိုက်မိတာ ပိုး ခိုးမနားထောင်ခဲ့ဘူးနော်.."

အန်တီရဲ့ မူပိုင်ဖြစ်သော မျက်လုံးမှိုင်မှိုင်ကလေးများနဲ့ အန်တီဟာ ပိုးကို ငေးရင်း သက်ပြင်းချခဲ့သည်။

"အင်းပါကွယ် သူနဲ့သွားတွေ့ရမှာ.."

"မသွားပါနဲ့လား အန်တီရယ်.."

တားပိုင်ခွင့်ဆိုသော အရာဟာ မရှိခဲ့ပေမဲ့လည်း ပိုး တားခဲ့မိလေတယ်။ဖြစ်နိုင်ရင်လေ အန်တီကို ပိုးမှလွဲလို့ အခြားသူတွေကို မပိုင်ဆိုင်စေချင်ဘူး။

"ဘာလို့တားနေတာလဲ ဒါမင်းနဲ့မဆိုင်ဘူးလေကွယ် တို့သွားပြီ တံခါးကို သေချာပိတ်အုန်းနော်.."

ပြေကျသွားသော လက်တစ်စုံဟာ ဆုပ်ကိုင်စရာ အကျီမဲ့စွာ..။ထွက်သွားလေသော နောက်ကျောလေး ငေးကြည့်ရင်း သက်ပြင်းရေရေရာရာ ချလိုက်မိလေတယ်။

အင်းလေ ဆိုင်မှ မဆိုင်တာ ပိုးဟာ မိုက်မဲမိတာပဲ။

ညအခါမှ မှောင်မိုက်နေတဲ့ အိမ်အိုကြီးမှာ ပိုးတစ်ယောက်ထဲ သိပ်ကြောက်ဖို့ ကောင်းလှသည်။

ကြောက်နေသော စိတ်ကြောင့် အပြင်ထွက်ရန်အတွက် ပိုးဆုံးဖြတ်ခဲ့သည်။

တစ်ဖြူးဖြူးဖြင့် တိုက်ခတ်နေသော လေအေးများသည် မိုးဦးကို ရောက်ဖို့ရန်အတွက် လှုံဆော်နေသလိုပင်။

အန်တီ ဆူလ်ဇီ / အန္တီ ဆူလ္ဇီWhere stories live. Discover now